Top Ten Torrent Sites များနှင့် အသုံးပြုပုံများ
Software ရှာဖို့အတွက်က Torrent Sites တွေကိုအသုံးပြုရတာ ပိုပြီး အဆင်အပြေဆုံးနည်းလမ်းတစ်ခုပါ။ ဘယ်လိုရှာကြမလဲ ???
ပထမဆုံးတစ်ချက်ကတော့ ရက်စွဲကို
အရင်ဆုံးကြည့်လိုက်ပါ။ အချို့အချို့သော Software တွေက ၄ နှစ် ၅ နှစ်တွေ
ဖြစ်ကုန်ပါပြီ ။ ဒါဆိုရင်တော့ Download လုပ်ဖို့
အဆင်ပြေနိုင်မယ့်အခွင့်အလမ်းနည်းပါတယ်။
ဒုတိယတစ်ချက် Software Size
ကိုကြည့်လိုက်ပါ။ မိမိအသုံးပြုမယ့် Software ဆိုဒ်က Torrent Sites
မှာဖေါ်ပြထားသလောက်ရှိရဲ့လားဆိုတာပါ.။ တစ်ချို့ ဖိုင်တွေက
ပါမလာတတ်တာတွေလည်း ရှိတတ်လို့ပါ။
တတိယတစ်ချက်အနေနဲ့ Seed ကိုကြည့်ပေးပါ။
Seeders များလေလေ Download ချဖို့ပိုပြီး အဆင်ပြေလေလေပဲဖြစ်ပါတယ်။ Leech
များနေရင်တော့ အဆင်ပြေနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။
ချွင်းချက်အနေနဲ့ကတော့ Comment လေးတွေ
ဖတ်ကြည့်သင့်ပါတယ်။ Comment တွေမှာ အဆင်မပြေတာလေးတွေ ရေးထားတာတွေ့ရင်တော့
နောက်တစ်ခု ထပ်ရှာတာက အချိန်ကုန်သက်သာပါလိမ့်မယ်။ Download လုပ်ပြီးမှ
အဆင်မပြေရင် ကိုယ်ပဲ အချိန်ကုန်
လူပမ်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်အသုံးများတဲ့ Top Ten ထဲမှာပါတဲ့ Torrent
Sites တော်တော်များများကို ဖေါ်ပြပေးသွားပါ့မယ်။ အောက်မှာကြည့်ရအောင် ...
၁။ ပထမဆုံးကတော့ KAT လို့ခေါ်တဲ့ (Kickass
torrents ) Sites တစ်ခုပါ ။ Top Ten မှာ First ချိတ်ပြီး အကောင်းဆုံးလို့
သတ်မှတ်ထားတဲ့ Sites တစ်ခုပါ။ ဘာသာစကား (၃၃) မျိုးကို Support
လုပ်ပေးနိုင်ပြီး High Quality Results ရတယ်လို့ အသိအမှတ်ပြုထားတဲ့
ဆိုဒ်တစ်ခုပါ။
လင့်ခ်ကတော့ - https://kickasstop.com ပဲဖြစ်ပါတယ်။
၂။ ဒုတိယ ဆိုဒ်တစ်ခုကတော့ Torrentz ပါ ။
domains 61 ခု ၊ စာမျက်နှာပေါင်း 69,511,217 မှာ Indexing 55,335,060
torrents ပါရှိတဲ့ ဆိုဒ်တစ်ခုပါ။ 2016 ခုနှစ်အထိ ဒုတိယနေရာမှာ ချိတ်နေတဲ့ Sites တစ်ခုပါ။
လင့်ခ်ကတော့ https://torrentz2.eu ဖြစ်ပါတယ်။
၃။ သုံးခုမြောက်ကတော့ YTS.ag ဆိုတဲ့ Movies
torrent တစ်ခုပါ။ Movies torrent ဆိုတဲ့အတိုင်း High definition (HD)
hollywood movies တွေကို excellent 720, 1080p ၊ 3D quality ကနေ အသေးဆုံး smallest file size အထိ Download လုပ်ပေးနိုင်တဲ့ Torrent Sites တစ်ခုပါ။
လင့်ခ်တော့ https://YTS.ag ဖြစ်ပါတယ်။
၎။ ဒီတစ်ခုကတော့ Piratebay ဆိုတဲ့
ဆိုဒ်တစ်ခုပါ။ game torrent files, movie torrent files, mp3 torrent files
စတဲ့ အမျိုးအစားတွေအလိုက် ပြည့်ပြည့်စုံစုံ Download လုပ်နိုင်တဲ့ Site တစ်ခုလဲဖြစ်ပါတယ်။
လင့်ကတော့ https://Thepiratebay2.org ဖြစ်ပါတယ်။
၅။ ဒီတစ်ခုကတော့ Rarbg ဆိုတဲ့ ဆိုဒ်တစ်ခုပါ။
Games, music, movies, software တွေနဲ့ ebooks တွေကို ပြည့်ပြည့်စုံစုံ
မြန်မြန်ဆန်ဆန်နဲ့ Download ပြုလုပ်ပေးနိုင်တဲ့အတွက်လည်း
Popular ဖြစ်တဲ့ ဆိုဒ်တစ်ခုထဲမှာပါဝင်ပါတယ်။ Torrents ဆိုတဲ့ Tab ကို
ဝင်မှသာ Search box တွေ့ပါလိမ့်မယ်။
လင့်ကတော့ https://rarbg.to ဖြစ်ပါတယ်။
၆။ ဒီတစ်ခုကတော့ isoHunt ဆိုတဲ့ ဆိုဒ်တစ်ခုပါ။ Peer
to peer torrent search engine ထည့်သွင်းပေးထားတဲ့
ဆိုဒ်ကောင်းတစ်ခုပါပဲ။ နေ့စဉ် Update လုပ်ပေးနေသလို Delete
လုပ်နေတာတွေလဲရှိတဲ့အတွက် Download လုပ်လို့မရမယ့် Torrent ကတော့
မရှိသလောက်ပါပဲ ။ အသုံးဝင်တဲ့ ဆိုဒ်လေးတစ်ခုပါ။
လင့်ခ်ကတော့ https://isohunt.to/ ဖြစ်ပါတယ်။
၇။ ဒီတစ်ခုကတော့ Extra Torrent လို့ခေါ်တဲ့
Movies torrents, TV, Music, Anime, Games, Books, images တွေနဲ့ mobile
torrents links တွေတော်တော်များများကို စုံစုံလင်လင် ရှာဖွေပေးနိုင်တဲ့
Sites တစ်ခုပါ။ လင့်ခ်ကတော့ https://extratorrent.cc/ ပဲဖြစ်ပါတယ်။
၈။ ဒီတစ်ခုကတော့ EZTV လို့ခေါ်တဲ့ tv program torrent files တွေအတွက် ဆိုဒ်တစ်ခုပါ။
လင့်ခ်ကတော့ https://eztv.ag/ ဖြစ်ပါတယ်.
၉။ ဒီတစ်ခုကတော့ Games, hd movies,
software, tv shows တွေ ebooks တွေကို နေ့စဉ် Upload လုပ်ပေးနေတဲ့ Monova
ဆိုတဲ့ Torrent ဆိုဒ်တစ်ခုပါ။ ဝင်ရောက်သူပေါင်း ၄.၃ မီလီယမ်ရှိပါတယ်။
လင့်ခ်ကတော့ http://Monova.org ဖြစ်ပါတယ်။
၁၀။ ဒီတစ်ခုကတော့ Torrent Funk ဆိုတဲ့
ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ် Torrent ပေါင်း ၁၈၀၀ ကျော် Upload လုပ်ပေးနေတဲ့
Popular ဆိုဒ်တစ်ခုထဲမှာလည်း အပါအဝင်ပဲဖြစ်ပါတယ်။
လင့်ခ်ကတော့ https://Torrentfunk.com ဖြစ်ပါတယ်။
Torrent ဆိုဒ်တွေကို အသုံးချတက်ဖို့လိုနေပါပြီ..
ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကို Torrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့ချလို့ရမဲ့နည်း လမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ Torrnet ဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိကြမယ်လို့ထင်ပါမယ်..။အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာလို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို Torrent ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update ကိုမရ ရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်။ဒီလို Torrentဆိုဒ်တွေကိုတော့ကွန်ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူး သုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံးတက်သွားပါလိမ့် ယ်..ကျွန်တော် Torrentဆိုဒ်တွေကိုရောက်ရင်Software တစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေ ကည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာကိုရှင်းပြပေးသွားပါမယ်..။
1.ကျွန်တော် http://www.kat.ph/ ကိုမှာ Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာ တစ်ခုထားပြီးရှင်းပြပေးသွားပါမယ်...။အ၇င်ဆုံး http://www.kat.ph/ ကိုသွားလိုက်ပါ..။
2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် Internet Download Manager လို့မရိုက်ပဲဘာလို့ IDM လို့ရိုက်ရှာသလဲဆိုတော့ Torrent ဆိုဒ်တွေမှာရှာတဲ့အခါမိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း IDM နဲ့ဆိုင်တဲ့ Software တွေ Version အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလမျိုးကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။
1.အရင်ဆုံး တစ် အချက်မှာ Software ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 months လို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့ Software က Update ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။ တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။
2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ် ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်ပါတယ်..။
3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..
4.နောက်ဆုံးတစ်ချက်ကတော့ Software တွေကိုဒေါင်းလော့မချခင် Comment တွေကိုဖတ်ကြည့်ပါ..။အများကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ perfect ၊ working fine! very good တိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင် မပြေတာတို့ Virus လို့ပြောတာတို့ It Is not working တို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအ ကောင်းဆုံးပါပဲ..။အဲ့ဒီလို Comment ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။
5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်
တော့ Download Torrent ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent Downloader ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ မဟုတ်ပါဘူး..။ဘယ် Torrent ဆိုဒ်မဆို Download Torrent ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေး တွေနဲ့လဲပြထားပေးပါမယ်..။
ဒီလောက်ဆိုရင်တော့ Torrent ဆိုဒ်တွေကနေပြီးတော့မိမိတို့ဒေါင်းလော့ချချင်တဲ့ Software တွေကိုအလွယ် တကူဒေါင်းလော့ချချင်သူတွေအတွက်အထောက်အကူရသွားမယ်လို့တော့ထင်ပါတယ်..။
အောက်မှာကျွန်တော်အလွယ်တကူအသုံးပြုလို့ရအောင် Utorrent Downloader လေးနဲ့ Torrent ဆိုဒ်တွေ တင်ပေးထားပါတယ်...။
Utorrent Downloader
Download From Ifile.it
Torrent ဆိုဒ်များ
RocketTorrentsTorrentReactor.netTorrentPortalSeedPeerBitTorrent MonsterTorrentiniBT JunkieBittorrent.am1337xTorrentReactorYourBittorrent
အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ...
Credit : : နေမင်းမောင်(နည်းပညာ)
No comments:
Write comments