+++++ မင်္ဂလာ ရှိသောနေ့လေးတစ်နေ့ ဖြစ်ပါစေ … ကျွန်တော်တို့ Huawei Honor 4x Users Myanmar Team ရဲ့ Blog လေးကို လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် မိတ်ဆွေတို့အတွက် မိုဘိုင်းလ်ဖုန်းနဲ့ကွန်ပြူတာ နည်းပညာများ၊ဗဟုသုတများနှင့် မြန်မာစာတန်းထိုး ဇာတ်ကားများကို အကောင်းဆုံးတင်ဆက်ပေးနေပါသည် +++++ လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် +++++

Honor 4X Users Myanmar Team

Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts

Monday, January 9, 2017

Blade 1 + 2 + 3



Blade 1 + 2 + 3

mv5bmtq4mzkznjcxnv5bml5banbnxkftztcwnzk4ntu0mg-_v1_

IMDb Rating  7.1 ရထားပြီး 90 Born တွေရဲ့ အသဲစွဲ ဇာတ်ကားကြီးကို
တင်ဆက်ပေးလိုက်ပါရစေ ငယ်ငယ် က ဒီကားကိုကြည့်ပြီး
ဝါးခြမ်းပြား ဓါးနဲ့ သွေးစုတ်ဖုတ်ကောင်တွေကို သတ်ခဲ့ဖူးတယ်
ဆိုရင်တော့ အသက် ၂၀ ကျော်နေပြီဆိုတာကို ရဲရဲကြီး အာမခံလိုက်ပါရစေ 😛
ဇာတ်လမ်း အကျဉ်းလေးကတော့ သေမျိုးတစ်ဝက် သွေးစုတ်ကောင်တစ်ဝက်ဖြစ်နေတဲ့
မင်းသားကိုယ်တိုင်က ဒီသွေးစုတ်ကောင်တွေရဲ့ ကြားထဲမှာ ကိုယ်တိုင်ဝင်ရောက် ဟန့်တားရင်း
တိုက်ခိုက်ပုံတွေကို တင်ဆက်ပြထားတာပါ အရင်ကလည်း ကြည့်ရှူခဲ့ဖူးကြတာမို့
အညွှန်းကိုတော့ ထွေထွေထူးထူး ကြီး မညွှန်းတော့ပါဘူး ဗျ

Download On V.I.P Link


Download Large File On Pcloud


Download Small File On Pcloud





mv5bmje0nziwnzy0m15bml5banbnxkftztywntaymdg5-_v1_
နံပါတ် ၂ကားမှာတော့ သွေးစုပ်ကောင် ကောင်စီ အဖွဲ့နဲ့
မင်းသားနဲ့ထိပ်တိုက်တွေ့ကြတာဖြစ်ပြီး
မင်းသား နီဂရိုးက သွေးစုပ်ကောင်ခေါင်းဆောင်ကို
ရှုင်းလင်းပစ်နိုင်မလားဆိုတာကို ပြန်လည်ခံစားလိုက်ကြရအောင်လားဗျာ

Download On V.I.P Link


Download Large File On Pcloud


Download Small File On Pcloud






mv5bmje0nzg2mzi3mf5bml5banbnxkftztywmjexodq3-_v1_
ဒီ တတိယကားမှာတော့ မင်းသားရဲ့ ရန်သူတွေဟာ သွေးစုပ်ကောင်တွေတင်
မကတော့ပဲ လူသားတွေပါ ပါဝင်လာခဲ့ပြီး မင်းသားကို F.B.I ကပါ အလိုရှိ ၀ရမ်းထုပ်လာပါတော့တယ်
ဒီလိုနဲ့ F.B.I တွေကို ရှောင်တိမ်းရင်း ရန်သူတော သွေးစုပ်ကောင်တွေရဲ့ သွေးကြွေးကို
ဘယ်လိုများ ဆပ်မလဲဆိုတာကို ဆက်လက် ကြည့်ရှူလိုက်ကြပါတော့ဗျာ
၁ ၂ နဲ့ ၃ ရဲ့ ဒေါင်းလော့လင့်တွေကို အောက်မှာ တစုတစည်းထဲ
ထည့်ပေးထားတာဖြစ်လို့ တကားခြင်း စိတ်ကြိုက်သာ ဒေါင်းယူကြည့်ရှူကြပါတော့ဗျာ

Download On V.I.P Link


Download Large File On Pcloud


Download Small File On Pcloud

The NoteBook (2004)

The NoteBook (2004)

The NoteBook (2004)



ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ဘော်ဒါတိုင်း ကြည့်ဘူးကြမယ်လို့ ယုံကြည်မိပါတယ်။
the notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီး
nicholas sparks ရဲ့ ဝတ္ထု ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။
သူ့အကြောင်းကိုလည်း ဒီpageတစ်နေရာမှာ ပြောပြဘူးခဲ့ပါတယ်။
ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေးပြု နေတဲ့စာရေးဆရာကြီးဆိုလည်း
မှားမယ်မထင်ပါဘူး။သူဝတ္ထု ကိုပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း သောက်သောက်လဲ
လူကြို က်များ အောင်မြင်တဲ့အတွက်ပါ။
ယခု the notebook ဇာတ်ကားကလည်း ဆယ်ကျော်သက်တွေကြားမှာ
အရမ်းလူကြို က်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
သူရဲ့ ဇာတ်ကားအများစုက ရိုးရှင်းတဲ့ ဇာတ်အိမ်လေးတွေနဲ့ အချစ်ကို
ဆွတ်ပျံ့ ကြည်နူးဖွယ်ဖြစ်အောင် ပုံဖော်တတ်ပါတယ်။အခြားအချစ်ကားတွေလို
ရှု ပ်ထွေးတဲ့ဇာတ်အိမ် လိင်ကိစ္စအသားပေးထားတာမျိုး သူ့ဇာတ်ကားတွေထဲမှာ သိပ်ပြီးမတွေ့ရပါဘူး။
မနှစ်ကထွက်ထားတဲ့ the best of
meနဲ့ ယခု the notebookက ဇာတ်အိမ်တည်ဆောက်မှု က တူညီပါတယ်။
ဒါပေမယ့် ပိုပြီး ကောင်းသွားတာက ယခု the notebook ဇာတ်ကားဖြစ်ပါတယ်။
အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryan Gosling နဲ့ Rachel McAdams တို့ရဲ့ 
အပေးအယူညီစွာသရုပ်ဆောင်နိုင်ပုံက ဇာတ်ကိုပိုကြွစေခဲ့တာပါ။
အထူးသဖြင့် အမျိုးသမီး ဇာတ်ဆောင် Rachel McAdams က ဇာတ်ကို
ပိုရုပ်လုံးကြွအောင် ဆွဲယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ချစ်သူနှစ်ယောက်ကြားမှာ
ဝိရောဓိဖြစ်နေပေမယ့် အချစ်ဦးကိုပဲ ရွေးချယ်လိုက်ပုံ။ အချစ်ဦးကိုပဲ ချစ်ခင်စွဲလန်းပုံ စတဲ့
ဇာတ်ကွက်တွေမှာ လက်ဖျားခါလောက်တဲ့ သူမရဲ့
သရုပ်ဆောင်ပုံတွေကို ကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။
ကဲ ကျွန်တော်တို့ ပြန်ပြီး အတူတကွ ခံစားလိုက်ကြရအောင်။
————–
စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် ယခု ဇာတ်လမ်း အကြောင်းအရာသည်
စတင်မွေးဖွားခဲ့၏။ ဖြစ်ခဲ့ပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြီး နောက်ကြောင်းပြန်ခြင်းဟု
အဓိပ္ပါယ်ဖွင့်ဆိုလို့ရ၏။နှလုံးရောဂါဖြင့် ဆေးကုနေသော
အဘိုးကြီး duke တွင် ဝတ္ထု စာအုပ်တစ်အုပ်ပါလာသည်။သူနဲ့အတူတူဆေးကုသမှု ခံနေရသည့်
အဘွားကြီးတစ်ယောက်လည်းရှိသည်။အဲဒီအဘွားကြီးမှာ
dementia စိတ်ကလျဥ့်ကလျား ရောဂါစွဲကပ်နေသည်။အတိတ်မေ့နေသူဖြစ်သည်။
အဲဒီ အဘွားကြီးကို dukeက ဂန္တဝင် အချစ်ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြခဲ့လေသည်။
———————-
1940ခုနှစ် နွေရာသီ ကာလ ။ကာရိုလိုင်းနားတောင်ပိုင်း
ဆီဘရွတ်ကျွန်းဒေသတွင်ဖြစ်သည်။
ကစားပွဲတော်တစ်ခုမှာ သစ်ခွဲအလုပ်သမားလေး noah သည် ကောင်မလေးတစ်ယောက်နဲ့ဆုံဆည်းခဲ့သည်။
အဲဒီကောင်မလေး ရဟတ်စီးနေချိန်တွင် သူ ရဟတ်ကိုင်းကို ကိုင်ပြီး ခင်မင်ခွင့်တောင်းခဲ့သည်။
သူတို့နှစ်ဦးသားရင်းနှီးသွားကြ၏။
ကောင်မလေးအမည်က allieဟု ခေါ်၏။noahတို့ ဒေသကမဟုတ်။ရွှေလှောင်ချို င့်ထဲက
ကြိုးကြာငှက်ကလေးဖြစ်သည်။နွေရာသီအားလပ်ရက်မို့လို့ သူမတို့မိသားစု noahတို့ဒေသကို
အပန်းဖြေလာရောက်ခြင်းဖြစ်သည်။
naohက allieကို ကျွန်းတစ်ဝိုက် လျှောက်ပို့၏။လွတ်လပ်ခြင်းအရသာကို အဓိပ္ပါယ်ဖော်ပေးသည်။
ကတ္တရာလမ်းပေါ် အတူတကွ လဲလျောင်းကြသည်။ကောင်းကင်ကကြယ်တွေငေးကြည့်ကြ၏။
လမ်းပေါ်မှာကခုန်သီချင်းဆိုကြသည်။ noahသူငယ်ချင်းစုံတွဲနဲ့အတူ ရုပ်ရှင်သွားကြည့်ကြသည်။
allie ခမျာ ခုမှပျော်နေရ ရှာသည်။
17နှစ်နှစ်အရွယ်ထိ မိဘစည်းကမ်းအောက်တွင် နေခဲ့ရသောသူမအတွက်ခုမှကမ္ဘာကြီးဆိုတာ
ပျော်စရာကောင်းပါလားဆိုတာ သိရှိခံစားမိခဲ့ရ၏။ပြီးတော့ သူမရင်ထဲကို
noahဆိုတဲ့ ဒေသခံလူချောလေးတစ်ယောက် စိုးမိုးဝင်ရောက်လာခြင်းပါပဲ။
သူမလို စွာတေးလန်ကောင်မလေးတစ်ယောက်ကို အရမ်းအနွံတာခံသည်။
သူမကို ကြည့်ပြီဆိုလည်း အားငယ်နေတဲ့မျက်လုံးလေးတွေနဲ့
သူ၏သိမ်ငယ်မှု ကို တတ်အားသမျှ ဖုံးဖိနေရှာသည်။
allie တစ်ယောက် noahကို အရမ်းချစ်မိသွားတော့သည်။သူတို့နှစ်ဦးသား၏
အချစ်သည် ကောင်းကင်က လင်းပွင့်နေတဲ့ ကြယ်တွေနဲ့အပြို င်ဖြစ်သည်
။ရေပြင်မှာလည်းရှိသည်။မြေပြင်မှာလည်းရှိ၏။allie ၏နှလုံးသားသည်
noahထံမှာ ရှိပြီး noah၏ နှလုံးသားထဲမှာတော့  allie၏ နှလုံးသားအစုံရာက်ရှိသွားတော့၏။
တစ်ယောက်နဲ့တစ်ယောက်စကားများကြသည်။ရန်ဖြစ်ကြသည်။ထုကြ ရိုက်ကြပုတ်ကြ၏
။ပြီးလျှင် အပြို င်အဆိုင် တောင်းပန်တတ်ကြ၏။
allieကို noahတို့ သစ်ခွဲရုံက အလုပ်သမားတွေကလည်း ရင်းနှီးနေကြပြီ။
အဲဒီအလုပ်သမားမိသားစုတွေနဲ့allieတို့ ကခုန်ပြီးသီချင်းဆိုကြသည်။
ကြယ်ရောင်တောက်တဲ့ညအချိန်တွေမှာဆို allie က noahတို့သားအဖ၏
အိမ်ကလေးကို အလည်သွားတတ်၏။
noahက ဝှစ်မန်း၏ ကဗျာတွေကိုဖတ်နေသည်
noah ၏ ဖခင်ကြီးကလည်း သဘောကောင်း မနောကောင်းကြီးဖြစ်၏။
သူတို့နှစ်ဦးသားကို ညကြီးမင်းကြီးမှာတောင် ပန်ကိတ်တွေ လုပ်ကျွေးသေးသည်။
noahက သူ၏ ကားစုတ်ကြီးနဲ့
allieကို သူမတို့ ဂေဟာကို လိုက်ပို့သည်။ allie နဲ့noahတို့၏ ဘဝသည်
မိုးမြေပမာကွာခြားလွန်းပါသည်။
တစ်ရက်တွင် allie မိသားစုက ဖိတ်၍ ကမ်းခြေစားပွဲကို noah သွားခဲ့ရသည်။
လူကုံတန်များကြားတွင် သိမ်ငယ်နေသည်ကို allieသိနေ၏။allie ဖခင်က
noah အလုပ်အကိုင်ကိုမေးသည်။ပြီးတော့တစ်ဟားဟားရယ်ကြ၏။
သူ့ခမျာ ဟာသဖြစ်နေရှာသည်။
allie မိခင်က noahကိုသဘောမကျပါ။အဲဒီလိုကောင်လေးနဲ
့ ငြိစွန်းသွားမှာကို မလိုလားချေ ။
allieကို နွေရာသီဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ပြီးပျက်စေလိုသည်။
allieက တမ်းတမ်းစွဲချစ်နေပေပြီ။
နောက်တော့ allie မိခင်က နွေရာသီကာလကုန်အောင်မနေတော့ပဲ အိမ်ပြန်ရန် ရာဇသံချတော့သည်။
allieက ဖခင်ကတော့ ထုံးစံအတိုင်း တုံဏှိဘာဝေပါပဲ။
allie ကြေကွဲရပြီ။ noahဆီသွား၏။ noahက ကမ်းခြေ ချောင်းလက်တက်တစ်ခုအနားက
အိမ်ပျက်ကြီးဆီ ခေါ်သွားသည်။အဲဒီနေရာမှာပဲnoah က ရည်မှန်းချက်တွေကို allieထံပြောပြခဲ့၏။
နောင်တစ်ချိန်မှာ ဒီအိမ်ကြီးကို ပြင်မည်။သူအရမ်းချစ်သော allie ဖြစ်ချင်သလိုမျိုး
အိမ်ရှေ့ မှာ ဆင်ဝင်ကြီးဆောက်ပေးမည်။ပြီးတော့ ချောင်းစပ်ကို မျက်နှာမူပြီး
allieအတွက် ပန်းချီဆွဲခန်းလေးတစ်ခု ဆောက်ပေးမည်။
အဲဒီညက သူမတို့အချစ်တွေနဲ့ လင်းပွင့်လှပခဲ့သည်။ချစ်ရည်လူးနေကြချိန်မှာ
————-
အဘိုးကြီး စာအုပ်ကို ပိတ်ပြီး အဘွားကြီးကို လှမ်းကြည့်သည်။
အဘွားကြီး မျက်နှာတွင် ကြေကွဲရိပ်တွေ ဖြတ်ပြေးနေသည်။
ဆက်ဖတ်ဖို့ပြောသည်။ အဘိုးကြီး ဆက်မဖတ်ဖြစ်သေး။ဆရာဝန်ဆီသွား၍
သူ့ရောဂါအခြေအနေကို ပြောပြရသေးသည်။
သူ့မှာheart attack ရောဂါရှိနေသည်။
ပြီးမှ ဆက်ပြောသည်။
———–
ကဲဗျာ ပရိတ်သတ်ကြီးကပဲ အချစ်ကိုဆက်လက်ခံစားလိုက်ပါအုံးလားဗျာ
အချစ်မှာ အသက်အရွယ်မရှိဘူး။အချိန်ကာလ ကွာခြားတာမရှိဘူး။အိုမင်းခြင်း ငယ်ရွယ်
ခြင်းလည်းမရှိပါဘူး။ အဲဒီအချစ်ကလေးတွေနဲ့ allieနဲ့noah တို့ရဲ့  နေကွယ်ချိန်က
ဆည်းဆာရောင်ခြည်ကလေးတွေနဲ့လှနေတာပဲလေ။
နေဝင်သွားလည်း ဆီးဘရွတ်က အချစ်အိမ်ကလေးကတော့ သူမတို့ထားပစ်ခဲ့တဲ့
ချစ်ခြင်းမေတ္တာကလေးတွေနဲ့ပဲ အေးမြလှပနေဦးမှာပါ။
အချစ်က သေဆုံးတယ်လို့မှ မရှိတာပဲလေ။
———
ရုပ်ရှင်ချစ်ဘော်ဒါများလည်း ချစ်သောသူနဲ့ ပေါင်းဖက်ဆုံဆည်းကြရပါစေ ဗျာ။
ဆုတောင်းခြင်းများစွာနဲ့
ဇာတ်လမ်း အညွှန်းလေးကိုကတော့ Nay Linn Eain မှရေးသားထားတာကို
 ပြန်လည်ပြင်ဆင် ဖော်ပြထားတာဖြစ်ပါတယ်ဗျ

Download On V.I.P Link


Download On Large File Pcloud


Download On Small File Pcloud

 


:: Credit ::

 

Thursday, January 5, 2017

Operation Mekong(2016)

Operation Mekong(2016) 
 
 

download
op-mekong

၂၀၁၆ ထွက် တရုတ် crime,action ကားကောင်းလေး တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ တရုတ်ပြည်ရဲ့ ၀င်ငွေအကောင်းဆုံးကားတွေထဲက တစ်ကားပါပဲ။ ဖြစ်ရပ်မှန်ဖြစ်တဲ့ မဲခေါင်မြစ်အတွင်း တရုတ်လူမျိုး ၁၃ ယောက်အသတ်ခံခဲ့ရပြီး စိတ်ကြွဆေးပြား ၉၀၀၀၀၀ ကျော်တွေ့ရှိခဲ့တဲံ အမှုအပေါ် အခြေခံရိုက်ကူးထားပါတယ်။ ဒီအမှုရဲ့ အဆုံးသတ်ကတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ဘိန်းဘုရင် စိုင်းနော်ခမ်း သေဒဏ်စီရင်ခံသွားရတာပါပဲ။ မြန်မာ လာအို ထိုင်း နိုင်ငံ ၃ ခုကြားက ရွှေတြိဂံနယ်မြေထဲက ဒုစရိုက်သမားတွေကို ရှင်းလင်းပြီး အသတ်ခံရတဲ့ နိုင်ငံသား ၁၃ ယောက်အတွက် တရားစီရင်ဖို့ ကြိုးစားတဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ အသွင်ယူ စုံထောက်တွေရဲ့ စွန့်စားခန်းတွေကို ပြသထားပါတယ်။ ဇာတ်ကြောရိုးအပေါ်အခြေခံထားပေမယ့် သူရဲကောင်းတွေနဲ့ ဗီလိန်တွေကို ပိုပိုသာသာလေးတော့ ပြသထားတယ်လို့ ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ချက်တွေနဲ့ သရုပ်ဆောင်တွေရယ် ဇာတ်လမ်းဖွဲ့စည်းမှုရယ်ကတော့ အထူးကောင်းမွန်တာမို့ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောရမှာပါပဲ။

File Size      :   900 /450 Mb
Duration     :   02 : 03 :58
Quality        :   Webrip
Translator   :   Littleneo, Pyitharoo
Encoder       :   Littleneo

pCloud Link (900Mb)
Op Link 
Vip Link
pCloud Small File(450Mb)

:: Credit :: 

Channel Myanmar

Sunday, January 1, 2017

Project A 2 (1987)

Project A 2 (1987)

projecta2
poster
IMDb (7.2/10)…..Rotten Tomatoes (67%)
ဂျက်ကီချန်းရဲ့ နာမည်ကျော် Project A ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။
ပထမကားက အခဲမကြေဖြစ်နေကြတဲ့ ရန်သူတွေအပြင် ချောက်တွန်းအကွက်ချနေတဲ့ အတွင်းရန်သူတွေကိုပါ တပြိုင်နက်ဖြေရှင်းရမယ့်ဇာတ်ကားပါ။
ဒီဇာတ်ကားမှာလဲ Action ခန်းတွေက တစ်သက်လုံးအမှတ်ရနေမိမယ့် အခန်းတွေချည်းပါပဲ။
ဟာသရသလဲမြောက်ပြီး သရုပ်ဆောင်တွေပီပြင်မှုကြောင့် နှစ်မြောပျော်ရွှင်စွာ ကြည့်ရှုရမယ့်ဇာတ်ကားပါ။
(Nan Ko Ko Oo  မှဘာသာပြန်တင်ဆက်ထားတာပါ။)

File size…(900MB)
Quality…BR-Ray Rip 720p
Format…mp4
Duration….01:45:54
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung



Download and Watch HD and 360p (VIP Link)

(or)

Download 720p HD (pCloud)


Download 360p Small File (340MB)




:: Credit ::

Project A (1983)

Project A (1983)

project-a-1983_1
projecta_9

IMDb (7.5/10)…..Rotten Tomatoes (82%)
ဂျက်ကီချန်းရဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။
Non-stop Action တွေမို့လို့ ကြည့်ရတာ လုံးဝတန်မှာပါ။
Action အတော်များများကို Special Effect တွေမသုံးဘဲ လူကိုယ်တိုင်ရိုက်ကူးထားပါတယ်။
ဟာသဆန်ပြီး သွက်လက်လွန်းတာကြောင့် ဇာတ်လမ်းလေးတိုလွန်းတယ်လို့ မချင့်မရဲဖြစ်မိပါတယ်။
(Sher Lock Aye Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။)

File size…(900MB)
Quality…BR-Ray Rip 720p
Format…mp4
Duration….01:45:11
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung



Download and Watch HD and 360p (VIP Link)

(or)

Download 720p HD (pCloud)


Download 360p Small File (420MB)

 

:: Credit ::

 

Toy Story 3 (2010)

Toy Story 3 (2010)



Toy Story 3 (2010)

Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။
ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Toy Story ပြီးဆုံးသွားပြီဆိုတဲ့ အသိကြောင့် မျက်ရည်ကျမိခဲ့ ပါတယ်။
(review credit to datshin)

File Size : 800 MB /400 MB
Quality : Blu ray 720P
Running Time : 1hr 43 minute
Format : Mp4
Genre :  Animation, Adventure, Comedy
Translator : Ye Man Aung
Encoder : Thanhtike Zaw


:: Credit ::
  Channel Myanmar



Toy Story 2 (1999)

Toy Story 2 (1999) 
 
 

Toy Story 2 (1999)
Toy Storyဟာ ကျွန်တော်တို့ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ ကာတွန်းကားပါ။လက်ရှိဘ၀မှာ
လူတွေမထင်မှတ်ထားတဲ့အရုပ်လေးတွေ အသက်ရှင်လျက်ရှိနေပြီး သက်ရှိလူသားတွေလို
ခံစားချက်တွေရှိနေခဲ့ပေမယ့် သူတို့ရဲ့ကံကြမ္မာကတော့ ဘယ်တော့မှမရေရာခဲ့ပါဘူး။ဒီလိုအရုပ်လေးတွေရဲ့
လှို့ဝှက်ရှင်သန်နေရတဲ့ဘ၀တွေကိုမြင်တွေ့ရမှာဖြစ်ပြီး Walt Disneyကထုတ်တဲ့animated movieဖြစ်တဲ့အတွက်
Qualityနဲ့Messageတွေကတော့ ရှယ်ပါပဲလို့ပြောပါရစေ။ခု Toy Story 2မှာတော့ Woodyကို
အခိုးခံလိုက်ရတဲ့အတွက် Woodyရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Buzzတို့အုပ်စု တစွန့်တစားလိုက်ကယ်မှာ
ဖြစ်ပါတယ်။ညွှန်းစရာမလိုလောက်အောင်ကောင်းတယ်ဆိုတာ သိကြမှာပါ။

File Size : 700 MB /350 MB
Quality : Blu ray 720P
Running Time : 1hr 30 minute
Format : Mp4
Genre :  Animation, Adventure, Comedy
Translator : Aye Nyein Thu
Encoder : Thanhtike Zaw


:: Credit ::

Toy Story (1995)

Toy Story (1995)



toy-story-1
Toy story ဆိုတာ ကျွန်တော်တို့တွေငယ်ဘဝတည်းက ရင်းနှီးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပါ။
ဇာတ်ကြောင်းလေးကို နည်းနည်းပြန်ပြောရမယ်ဆိုရင် အရုပ်ပိုင်ရှင်တွေမရှိချိန်မှာ အသက်ဝင်လာတဲ့ အရုပ်ကလေးတွေအကြောင်းပေါ့။ အရုပ်ပိုင်ရှင်ကောင်လေးမွေးနေ့ရောက်ခါနီးလာလေ အရုပ်အသစ်တွေ ရောက်လာတတ်တာကြောင့် အရုပ်လေးတွေ ပစ်ပယ်ခံရမှာကိုစိုးထိတ်နေကြလေရဲ့။ မစိုးရိမ်တဲ့ အရုပ်ကတော့ Cowboy Woody ပဲဖြစ်ပါတယ်။ သူကအများထဲမှာ အထင်ပေါ်ဆုံး ဆိုတော့ မစိုးရိမ်ဘူးပေါ့။ဒါပေမယ့်Buzz Lightyear ရောက်လာတဲ့အခါမှာတော့…… ဘာတွေဆက်ဖြစ်လာမလဲဆိုတာ………

File Size : 630 MB /330 MB
Quality : Blu ray 720P
Running Time : 1hr 20 minute
Format : Mp4
Genre :  Animation, Adventure, Comedy
Translator : Hein Khant Aaung
Encoder : Thanhtike Zaw



:: Credit ::

Outlaws and Angles (2016)

Outlaws and Angles (2016)




mv5bmty4mtu4mza0ov5bml5banbnxkftztgwmtyxotayote-_v1_sy1000_cr007171000_al_


ကဲ ဒီတစ်ခါတော့ ၂၀၁၆ ခုနှစ်ထွက် စကီအလန်းလေးတွေပါတဲ့
ကာင်းဘွိုင်ကားလေးတစ်ကားကိုတင်ဆက်ပေးခြင်ပါတယ်
ဇာတ်လမ်းကတော့ ထူးထူးခြားခြားမရှိပဲ ပုံမှန်
ကောင်းဘွိုင်ကားတွေလို လူဆိုးဖမ်းတာ ပစ်တာခတ်တာတွေပါပဲ
ထူးခြားတာက စကီအလန်းလေးတွေပါတာပါ 😛
ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ နယူးမက္ကဆီကိုက ဘဏ်ကို
ရက်ရက်စက်စက်လူတွေသတ်ဖြတ်ပြီး ဓါးပြတိုက်သွားရာမှ ရဲများက
လိုက်လံဖမ်းဆီးရာမှ လယ်ကွင်းထဲက ဘုရားကိုပါးစပ်ကမချတဲ့
ရိုးရိုးသားနေတဲ့ သမီးလေးတွေပဲမွေးထားတဲ့
မိသားစုရဲ့ အိမ်ကို ဓါးပြတွေက
ခဏတာ စတည်းချဖို့ဆုံးဖြတ်လိုက်ကြပါတယ်
ကဲ ပရိတ်သတ်ကြီးရေ ဆက်သာကြည့်ဗျို့

Download On Yp

Download LargeFile Pcloud



Download Small File Pcloud

 

:: Credit :: 

  Channel Myanmar 

The Hidden Face 2011

The Hidden Face 2011


the-hidden-face-2011

Imdb7.4 ထိဆွတ်ခူးရရှိထားတဲ့ဇာတ်ကားလေးကိုဒီနေ့ချပြပေးပါရစေ…
ကိုယ့်အလိုကိုပဲရှေ့တန်းတင်တတ်တဲ့သူတွေပိုပြီးကြည့်ရှု့သင့်ပါတယ်..
ဘယ်အရာမဆိုတင်းလွန်းရင်လည်းမကောင်းသလိုလျော့နည်းလွန်းရင်လည်းကောင်းမှာမဟုတ်ပါဘူး..
ပြောရမယ်ဆိုပုံမှန်လမ်းစဉ်ပေါ့ဗျာ…ဒီကားမှာချစ်သူကိုသဝန်တိုလွန်းတဲ့မိန်းမတစ်ယောက်ထင်ရာဆွဲတွေးပြီး
အတွေးနယ်ချဲ့မိတဲ့မိန်းကလေးတစ်ယောက်ဒုက္ခလှလှတွေ့ပုံကိုပြသထားပါတယ်…..
ဘီလင်ဆိုတဲ့ကောင်မလေးဟာ ချစ်သူရဲ့အခြေအနေကိုစောင့်ကြည့်ဖို့နိုင်ငံခြားကိုထွက်သွားပြီပြောပြီးတော့အိမ်ကြီးရဲ့
လျိုဝှက်အခန်းထဲမှာဝင်ပုန်းနေလိုက်ပါတယ်…
အဲဒီမှာသူမသိလိုက်တာတစ်ခုက အခန်းထဲကနေပြန်ထွက်ဖို့သူသော့မယူလာမိဘူးဆိုတာကိုပါပဲ…
အခန်းကလေလုံခန်းမို့ သူကူညီတောင်းဖို့အော်ခေါ်လည်းဘယ်သူမှမကြားနိုင်တော့ပါ….အဲ့ဒီတော့အစာရေစာပြတ်ပြီးတော့ပဲသေမှာလား….
လောကမှာ မထင်မှတ်တဲ့အရာတွေကရုတ်တရက်ဖြစ်ပေါ်လာရင်ခေါင်းအေးအေးထားပြီးစဉ်းစားကြဖို့အဓိကရည်ရွယ်ထားပါတယ်…
ဇာတ်ကားကအခုကျွန်တော်အခုပြောနေတဲ့အညွှန်းထက်ကိုပိုပြီးအသက်ဝင်ပါသေးတယ်…..
အပြည့်စုံကိုသိချင်ရင်တော့ အောက်ကလင့်တွေမှာရင်ခုန်ခံစားနိုင်ပါတယ်ဗျ….

File size…(864.3 MB,392.1 MB)

Quality…BluRay 720p

Format…mp4

Duration….01:36.31

Subtitle….Myanmar Subtitle (Hardsub)

Translator…John La Yaung

Encoder….Moe Myint Lwin

Download & Watch 360p , 720p (VIP Link)

Download with Pcloud

Download with Pcloud (Small Size)

Download with Openload

 

:: Credit ::

Channel Myanmar

Ghost : In Your Arms Again 2010

Ghost : In Your Arms Again 2010


Ghost : In Your Arms Again 2010

မြန်မာလိုဆိုရင်တော့ တစ္ဆေမလေးမောင့်ချစ်သူပေါ့ဗျာ…
သြော်…အချစ်…အချစ်..တကယ်ပါပဲ….လူတွေကိုရူးသွပ်သွားစေတတ်တယ်ဆိုတာ…..
လူတွေဟာအချစ်ကြောင့်မျော်လင့်ချက်တွေရှိလာတယ်ကြိုးစားချင်လာကြတယ်….
ဘဝကို ချစ်တဲ့သူနဲ့ပျော်ပျော်ရွင်ရွင်ဖြတ်သန်းသွားချင်ကြတယ်….အမှန်ပါပဲဒီဇတ်ကားလေးကို
ကျွန်တော်ရင်နင့်ရင်းပြီး ရေးသားခဲ့တာပါ
အတော်လည်းအကြိုက်တွေ့မိပြီးပရိတ်သတ်တွေရဲ့ဆန္ဒနဲ့လည်းတစ်ထပ်တည်းကျမယ်လို့ မျော်လင့်မိပါတယ်…..
ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသားလေးဂျွန်စောကခေါင်းဆောင်မင်းသားအဖြစ်ပါဝင်တဲ့ဒီကားလေးဟာဆိုရင်
ချစ်ခြင်းမေတ္တာအကြောင်းကိုလူနဲ့တစ္ဆေအကြားတစ်ဖွဲ့တစ်နွဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်…
ချစ်ဇနီးလေးတစ်ယောက်မတော်တဆမှုကြောင့်သေဆုံးသွားတဲ့အခါကျန်နေခဲ့သူရင်တွင်းမှာခံစားရပုံများ…
ဇနီးလေးကလည်းမကျွတ်မလွတ်ပဲချစ်ခင်ပွန်းကိုဘယ်လိုပြန်လည်စောင့်ရှောက်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရမှာပါ…
ဒီကားကိုကြည့်ရင်တစ်ရူးလေးတော့ဆောင်ထားပါ မျက်ရည်သုတ်ဖို့ပါ…..
ကျွန်တော်တို့ CM Team ရဲ့ဘာသာပြန်သူ ကို Soe Htwe ရဲ့ ရင်နဲ့ရင်းပြီးရေးတဲ့ ကားလေးကိုပရိတ်သတ်တွေရင်ထဲရောက်မယ်လို့ယုံ ကြည်ရင်း Happy New Year ပါလို့ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်….

File size…( 1.1GB , 469.4MB )

Quality…BluRay 720p

Format…mp4

Duration….01:55:32

Subtitle….Myanmar Subtitle (Hardsub)

Translator…Soe Htwe

Encoder….Moe Myint Lwin

Download & Watch 360p , 720p HD (VIP Link)

Download with Pcloud

Download with Pcloud (Small Size)

Download with Openload

 

:: Credit :: 

Channel Myanmar

Thursday, December 29, 2016

X-Men Collection ( Special Package ) မြန်မာစာတန်းထိုး

X-Men Collection ( Special Package ) မြန်မာစာတန်းထိုး


11177551_800
X-Men ဇာတ်ကားတွေ အားလုံးကို စုစည်းပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ Timelineတွေက ထွက်တဲ့ ခုနှစ်အတိုင်း ကြည့်မယ်ဆို ဟိုရောက်လောက် ဒီရောက်လောက် ဖြစ်နေတယ်မို့ သူရဲ့ Original Timelineနဲ့ အနီးစပ်ဆုံးဖြစ်အောင် စီပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ အစဉ်လိုက်ကြည့်သွားမယ်ဆိုရင် တော်တော် ဆက်စပ်မှူ ရှိသွားတာကို တွေ့ရမှာပါ

X-Men: First Class (1962) မြန်မာစာတန်းထိုး


X-menပရိသတ်တွေ အတွက် ဒီဇာတ်ကားက အစိမ်းသက်သက်မဖြစ်နိုင်ပါဘူး။ ဒီဇာတ်ကားက ထွက်တာ နောက်ကျပေမဲ့ X-menဇာတ်ကားထဲက ဇာတ်ဆောင်တွေရဲ့ အရင်ဘ၀ကို ပြသနိုင်တဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။X-menဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ငယ်ဘ၀တွေ၊သူတို့ရဲ့ အစွမ်းတွေ၊ သူတို့ရဲ့ နာကြည်းမှူတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ဇာတ်ကားပါ၊ ဇာတ်လမ်းအကျဉ်းချုပ်တော့
Magneto ဖြစ်လာမယ့် Erick က သူ့အမေကို Shaw သတ်ခဲ့တာ ပြန် လက်စားချေချင်တဲ့ စိတ် ပြင်းထန်ပြီး ထိန်းမနိုင်ဖြစ်လာတာ .. mutant တွေနဲ့ ကြီးစိုးချင်စိတ် ဖြစ်လာသူ
Charles က နဂိုကတည်းက mutant တွေအတွက် စိတ်ကောင်းထားတဲ့လူ .. လောကမှာ လူသားနဲ့ mutant သဟဇာတ ဖြစ်အောင် နေချင်သူ .. Erick ကိုလဲ သံယောဇဉ် ရှိနေသူ
Striker က အာဏာပိုင်အဖွဲ့ထဲကနေ .. mutant တွေကို စိတ်ဝင်စားနေသူ .. mutant ကို အခြေခံပြီး တခုခု လုပ်ဖို့ ကြံနေသူအဖြစ် စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်ကားပါ။

https://my.pcloud.com/publink/show?code=XZ5uCxZFQJ9txieKrVWwrnYxjjL5uaq3gDV


X-Men: Days of Future Past(1973) မြန်မာစာတန်းထိုး

Screen Shot

ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး အရသာရှိပါတယ်။
ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင် ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။
Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့ Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော် တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့ Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။
အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဥာဏ်တွေ ဘယ်လို ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William Stryker အငယ်ဘ၀က ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊ Wolverine ရဲ့ မှတ်ဥာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။
Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်……….)
File size…(999MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….02:02:53
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


https://my.pcloud.com/publink/show?code=XZ6nCxZd8s8SdFNDvQ4bwVm7lBhjyEovqGX


 
X-Men Origins: Wolverine (1981) မြန်မာစာတန်းထိုး
 
5169335-7494339347-v1-btsxmte3nzqzndtqoze3mdizoziwndg7odawozeymda
 
X-Men Origins: Wolverine (2009) ဇာတ်ကားဟာ လက်ရှိကျနော်တို့ကြည့်ဖူးသမျှ X-Men ဇာတ်ကားတွေအားလုံးရဲ့ အစကားလို့ပြောလို့ရပါတယ် ဒီဇာတ်ကားမှာ ဝိုးဘားရင်းန်ရဲ့ငယ်ဘဝ ဝိုးဘားရင်းန်ဆိုတာဘယ်လို ဇာတ်ကောင်စရိုက်ရှိတယ်ဆိုတာနဲ့ သူ့ရဲ့ သံမဏိလက်သည်းတွေ ဘယ်လိုစရလာတယ်ဆိုတာကို သေသေချာချာရိုက်ပြသွားပါတယ်။ ဒီဇာတ်ကားဟာ IMDbအနေနဲ့ 6.7 နဲ့ rottentomatoes မှာ 5.1% ရရှိထားခဲ့တော့ အတော်အသင့် rating မြင့်တဲ့ မိသားစုနဲ့ကြည့်လို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကာလို့လည်းပြောလို့ရပါတယ်။ နောက် Deadpool ကိုလည်းပရိတ်သတ်တွေအတွက်မိတ်ဆက်ပေးခဲ့ပါတယ် ခြုံငုံပြောရရင်တော့ X-Men fan တွေအနနဲ့ ဒီဇာတ်ကားဟာလုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ ဒီထက်ပိုပြီး ဒီဇာတ်ကားကို ညွှန်းချင်ပါသေးတယ် ဒါပေမယ့် ကျနော်က ကာတွန်းမဖတ်ဖူးတော့ ရုပ်ရှင်ကြည့်ပြီး သိသလောက်လေး ညွှန်းပေးရတာပါ ဒီတော့ အညွှန်းမှာလိုအပ်ချက်တွေရှိခဲ့ရင်လဲ ကျနော့်အမှားသာဖြစ်ပါကြောင်း ကဲ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များ X-Men ဖန်းများအတွက် အနီးစပ်ဆုံးဖြစ်နိုင်အောင် ဘာသာပြန်ပေးလိုက်ကြောင်းပါ
(ဘာသာပြန်သူကတော့ ကိုMin Thet Ooပဲ ဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZGuCxZtBWmJWVvvF85Bm3wEmGf30uo8QOk

 

Download And Watch With Pcloud Link Small File Size

https://my.pcloud.com/publink/show?code=XZouCxZOBVVPEGRjg5DbMR8ikEm1SIWaLyX

 

X-Men: Apocalypse (1983) မြန်မာစာတန်းထိုး
 

“X-Men: Apocalypse (2016)”
Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။
X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပြီးတော့ X-Men film series ရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း Spoiler Free
+++++++++++++++++++++++
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ခံခဲ့ရတဲ့ ပထမဆုံးသော စွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။
နာမည်ကတော့ En Sabah Nur (Apocalypse)
ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။
ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၎ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို့ ပြင်ပါတော့တယ်။
Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲ့က ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမယ်ဆိုတာ…..။
(* စာတန်းထိုးအပြီး အဆုံးမှာ ဇာတ်ဝင်ခန်း after-credit-scene ပါဝင်ပါတယ်။)
+++++++++++++++++++++++++++
လက်ရှိအချိန်.. #IMDB မှာ rating 7.5အထိ ရထားပါတယ်။
* ဒီဇာတ်ကားမှာ ရေလည်လန်းတဲ့ ရိုက်ကူးမှု effectတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ဝမ်းနည်းစရာတွေ၊ ဟာသကွက်တွေအပြင် သုံးထားတဲ့ မင်းသား မင်းသမီးတွေ၊ သံစဉ်တီးလုံးတွေ သီချင်းတွေကလဲ လန်းနေလို့ ကြည့်ရတာ အများကြီးတန်ပါတယ်။
ဒါ့အပြင် စကားပြောခန်းနဲပြီးတော့ ဇာတ်လမ်းကလဲ ရှင်းရှင်းပဲမို့ X-Men နဲ့ မရင်းနှီးတဲ့သူတွေတောင် နားလည်ရလွယ်ကူမယ့်အပြင်၊ ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မှာပါ။ *
ဒီဇာတ်ကားအတွက် #Budget $234 millionကို သုံးစွဲထားပါတယ်၊
ပြသချိန်က 144 minutes (2hrs 24mins) ကြာမြင့်မှာ ဖြစ်ပြီးတော့…..
X-Men (2000), X2: X-Men United (2003), X-Men: First Class (2011), X-Men: Days of Future Past (2014) တို့ရဲ့ Director Bryan Singerကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ –
James McAvoy (#Professor X)
Michael Fassbender (#Magneto)
Jennifer Lawrence (#Mystique)
Oscar Isaac (#Apocalypse)
Nicholas Hoult (#Beast)
Rose Byrne (#CIA agent Moira Mactaggert)
Tye Sheridan (#Cyclops)
Sophie Turner (#Jean_Grey)
Olivia Munn (#Psylocke)
Lucas Till (#Havok)
Evan Peters (#Quicksilver)
Kodi Smit-McPhee (#Nightcrawler)
Alexandra Shipp (#Storm)
Ben Hardy (#Angel/ #Archangel)
Lana Condor (#Jubilee)
Josh Helman (#William_Stryker)
Tómas Lemarquis (#Caliban)
တို့ ဖြစ်ပြီး…Hugh Jackman (#Wolverine)ကလည်း ပါဝင်ထားပါတယ်။
Stan Leeက သူ့မိန်းမ Joanie Leeနဲ့အတူ cameo ပါဝင်ထားပါတယ်၊
#Blob နေရာက သရုပ်ဆောင်ကတော့ wrestler “Giant” Gustav Claude Ouimet ဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ …
20th Century Fox, Marvel Entertainment, Bad Hat Harry Productions, Kinberg Genre, The Donners’ Company, TSG Entertainment တို့ဖြစ်ပြီး 20th Century Foxက ဖြန့်ချိထားတာပါ။
ရုံတင်ခဲ့တဲ့ရက်တွေကတော့ …
May 18, 2016 (United Kingdom)
May 27, 2016 (United States) ဖြစ်ပါတယ်။
#ဇာတ်ညွှန်းရေးသားသူ (Thiha Maung )
X-Men fans Myanmar>>> https://facebook.com/X-Men-fans-Myanmar-678775935594821/
(ဒီဇာတ်ကားကို Moe Myint Lwin မှဘာသာပြန်တင်ဆက်ထားတာပါ။)
File size…(1.2GB)
Quality…Blu-Ray 720p
Format…mp4
Duration….02:23:58
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD

https://my.pcloud.com/publink/show?code=XZ7sCxZ08NUOKpTLlfKL6r9vByVLfefssyV





X-Men (2000 ) မြန်မာစာတန်းထိုး

xmene1

ဒီဇာတ်ကားဟာ X-Men ဇာတ်ကားကို ကျနော်စကြည့်ဖူးတဲ့ ဇာတ်ကားပါ ဒီဇာတ်ကားဟာ X-Men timeline အနေနဲ့ပြောရရင် timeline အလည်လောက်က အဖြစ်အပျက်တွေကို ရိုက်ကူး ဖေါ်ပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အားရစရာပါ IMDb 7.4 ရရှိထားခဲ့ပါတယ် ခရမ်းချဉ်သီးကတော့ 7.5 ပါ ဒါလည်း အတော်မြင့်တဲ့ rating ပါ ဇာတ်လမ်းအကြောင်းနည်းနည်းညွှန်းရရင်တော့ X-Men Origins: Wolverine ထဲမှာ အတိတ်မေ့သွားတဲ့ လိုဂန်တစ်ယောက် မြေအောက် ကြိုးဝိုင်းလက်ဝှေ့ပွဲတွေမှာ ကျင်လည်ရင်း သူ့အတိတ်ကိုပြန်သတိရဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပရော်ဖက်ဆာ ချားလ်စ်ဇေးဗီးယားကလည်း သန္ဓေပြောင်းလူသားတွေအတွက် နားခိုရာ ကျောင်းကြီးတည်ဆောက်လို့ လူသားတွေနဲ့ သန္ဓေပြောင်းလူသားတွေကြားက ရန်လိုမှု့တွေကို အစွမ်းကုန်ကြိုးစားနားလည်မှု့တည်ဆောက်နေခဲ့တဲ့အချိန်
ငယ်စဉ်ကလေးဘဝကတည်းက လူသားတွေကြောင့် စိတ်ဒါဏ်ရာအကြီးအကျယ်ရခဲ့ပြီး ဘယ်လောက်ပဲ ကောင်းအောင်နေခဲ့နေခဲ့ ကံတရားက မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ မက်ဂနီတိုတစ်ယောက် သန္ဓေပြောင်းလူသားတွေရဲ့ ခံစားချက်ကို လူသာမန်တွေ နားလည်နိုင်အောင် လုပ်ပြမယ်ဆိုတဲ့ စစ်ပွဲကိုဦးတည့်သွားစေနိုင်မယ့် လုပ်ဆောင်မှု့တွေ ဖန်တီးတော့မယ့် အချိန် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့ ထိပ်တိုက်တွေ့ရင်း….
X-Men ဇာတ်ကောင်စရိုက်အစုံ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ နားလည်နိုင်အောင် ရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဒါကိုလည်း ဇာတ်လမ်းသဘောနဲ့ အတတ်နိုင်ဆုံး တူညီအောင် ဘာသာပြန်ပေးလိုက်ပါတယ် X-Men ပရိတ်သတ်များ စိတ်တိုင်းကျမှု့မရှိခဲ့ပါက ကျနော့်အမှားသီးသန့်သာဖြစ်ကြောင်း …ကဲ ဆွဲကြည့်လိုက်ပါဦးဗျာ
 (ဘာသာပြန်သူကတော့ Min Thet Oo ပဲဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZpfCxZpVvq2cfHWc5LaaCm2Qktukp2QKY7

 

Download And Watch With Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZJfCxZopB772O1GTjsE3XoLOc6lBRGyUVk


 
 
X2 (2003) မြန်မာစာတန်းထိုး
 
518enndmc4l
ဒီဇာတ်ကားက ကျနော်ကြည့်ဖူးတဲ့ ဒုတိယမြောက်ကားပေါ့ ထုံးစံအတိုင်းဗျား IMDb 7.5 နဲ့ rotten tomatoes 7.5 တောင်ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း အနေနဲ့ကတော့ ဘယ်သူကမှန်းခိုင်းစေမှန်းမသိရတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် နိုင်ငံတော်သမ္မကြီးကို ဝင်ရောက်လုပ်ကြံတဲ့အခန်းနဲ့ အစပျိုးထားပါတယ် နောက်ပလပ်စတစ် အကျဉ်းထောင်နဲ့ အချုပ်ခံထားရတဲ့ မက်ဂနီတိုတစ်ယောက် ဘာတွေများကြံစည်နေခဲ့လဲ လိုဂန်တစ်ယောက်ရော အတိတ်ကိုပြန်မှတ်မိနိုင်ပါ့မလား ကျနော်တို့ဖီးနစ်ငှက်မလေး ဂျင်းန်တစ်ယောက်ရော ဘယ်လိုဖြစ်လာမလဲ ဒါတွေအပြင် လိုဂန်ရဲ့ဘဝကို ကောင်းကောင်း မွှေနှောက်သွားခဲ့တဲ့ သူ့ရဲ့အချစ်တော် ဝီလီယမ်စရိုက်ကာကရော ဘာတွေကြံစည်နေခဲ့သလဲ..
ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ အကောင်းဆုံးတင်ဆက် ပေးသွားခဲ့ပါတယ် ကဲ X-Men ဖန်များရော မကြည့်ရသေးသူ များပါကြည့်ရတာ တန်မယ့်ကား ဖြစ်ကြောင်း ဘာသာပြန်လိုအပ်ချက်များရှိပါက ကျနော့်အမှားသာဖြစ်ကြောင်းပြောကြားရင်း ကဲဆွဲလိုက်ကြပါဦးဗျာ
( ဘာသာပြန်သူကတော့ MIn Thet Oo ပဲ ဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZnfCxZ2bYH7dKiREu3WR3v5ilfC7R8nP1y

 

Download And Watch With Pcloud Link Small File Size

https://my.pcloud.com/publink/show?code=XZPfCxZRSm8yCiCapJt2zda2rAgrkrRjjvX

 

 
 
X-Men: The Last Stand (2006) မြန်မာစာတန်းထိုး
 

X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine တို့  Megneto တို့  Professer X တို့ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့  သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့  အပယ်ခံ Emo ဆန်ဆန် Mutant လို့ ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို အရမ်းသဘောကျခဲ့ကြတာပါ … . .
X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ .. Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ … Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ ခိုလှုံရာကျောင်းကြီးကို စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့  Megneto တို့ အကြောင်းကို စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့  X-Men Fans တွေကတော့ သိကြပါတယ် … . .
X2 (2003)မှာတော့  President ကြီးကို လုပ်ကြံဖို့  ကြိုးစားခဲ့တဲ့ Mutant ကို လိုက်ရှာရင်းနဲ့  Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့  ကြိုးစားရမယ့် X-Men အဖွဲ့ ရဲ့  ဒုတိယ ဇာတ်လမ်းတစ်ပုဒ်ပါ … . .
X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့  သတ်မှတ်ထားတဲ့သိပံ္ပပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိုးဆေး ပေါ်ပေါက်လာတာဟာ Mutant မျိုးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့  ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့ က တားဆီးဖို့  ကြိုးစားရမှာပါ …
(ဒီဇာတ်ကားအတွက် အညွန်းကိုတော့ Aung Wunna Kyawမှနေပြီး ရေးပေးထားတာ ဖြစ်ပါတယ်။)

Download And Watch Pcloud Link

https://my.pcloud.com/publink/show?code=XZhnCxZ1LC4ieNlFCScIlhGcj1j7y9ENo9X

 


The Wolverine (2013) မြန်မာစာတန်းထိုး

July 26, 2013 (USA) တွင် ရုံတင်ပြသခဲ့ပြီး
Director: James Mangold ရိုက်ကူးထားတဲ့ X-Men : The Wolverine သိပ္ပံအက်ရှင် အမျိုးအစား
ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်ပါတယ်…
X-Men ဇတ်လမ်းရုပ်ရှင်များ အစီအရီ တစ်နှစ်ကား ထွက်လာပြီးနောက်
X-Men First Class ပြီးနောက် ထွက်ရှိလာသော ဇတ်ကားဖြစ်ပြီး ဒီဇတ်ကားမှာ
Logan ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ စစ်စခန်းတွင် ရေတွင်းပျက်တစ်ခုအတွင်း
အချူပ်ခံထားရတဲ့ အခန်းကနေ စပါတယ်…
အင်္ဂလိပ်တွေ ဗုံးကျဲတဲ့ အချိန်မှာပဲ စစ်ဗိုလ်လေး ယာရှီဒါ ဟာ ကိုယ့်ကိုကိုယ် မသတ်သေခင်
Logan အား ရေတွင်းအဖုံးဖွင့်ပေးလိုက်ပါတယ် ထို့နောက်
မိမိ ကိုကိုယ် အဆုံးစီရင်ရန် ကြံနေခိုက်မှာပဲ Logan က ဆွဲခေါ်ပြီး
ရေတွင်းပျက်ထဲ ပစ်ချခါ ယာရှီဒါ အပေါ်မှ သံပြားတစ်ခု ဖုံးပေးပြီး သူ့ကိုယ်ဖြင့်
ဖုံးကွယ်ပေးထားခဲ့ပါတယ် ဗုံးကျဲပြီးနောက် တစ်ကိုယ်လုံး စုတ်ပြတ်သက်သွားသော်လဲ
ချက်ချင်း ဒဏ်ရာ ပြန်ကျတ်လာသော Logan အား ကြည့်ပြီးနောက် ယာရှီဒါ တစ်ယောက်
Logan အား လူထူးဆန်း တစ်ဦးအဖြစ် သိရှိသွားပါတော့တယ်…
Logan ဟာ အမြဲတစေ မသေနိုင်ပဲ ဒဏ်ရာများ ပြန်ကျတ်နိုင်သော အစွမ်းရှိခဲ့ပါတယ်
ဒီတစ်ခါမှာတော့ ငယ်စဉ်က ကယ်ဆယ်ခဲ့သော ယာရှီဒါ ဟာ အသက်ရွယ်ကြီးမြင့်ပြီး
သေခါနီး ရောက်နေချိန်တွင် လိုဂန် အား ခေါ်တွေ့ပြီးနောက် မသေနိုင်သော အစွမ်းကို
ဖျက်ပြယ်ပေးမည် ဖြစ်ပြီး သာမန်လူ ဘ၀ဖြင့် နေထိုင်သေဆုံးနိုင်ရန် စီစဉ်ပေးမည်ဟု
အကြံပေးခဲ့သော်လဲ လိုဂန် က ညင်းဆိုခဲ့ပါတယ်…
ညင်းဆိုပြီး နောက်တစ်နေ့တွင် ယာရှီဒါ သေဆုံးခဲ့ပြီး သူ့အသုဘ တွင် ယာရှီဒါ ၏ သမီး
ယူရီကို အား အမွေ ကိစ္စဖြင့် သတ်ဖြတ်ရန် ကြံစည်မှုကြောင့် လူသတ်သမားများနှင့်
လိုဂန် ရင်ဆိုင်ရပါတော့တယ်…
ဒါပေမယ့် လိုဂန် ရဲ့ ဒဏ်ရာအမြန်ကျတ်နိုင်သော စွမ်းအားများ ပျောက်ကွယ်သွားပါပြီ
သွေးထွက်လွန်နေသော သူ့ကိုသူ ကြည့်ရင်း အလွန်အမင်း အံ့အောလျက် အဖြေရှာမရနိုင်တော့ပါ
ရန်သူတွေလက်ထဲက ယူရီကို အား ကယ်တင်လျက် သူ့စွမ်းအားများ ပျောက်ဆုံးရာ ရင်းမြစ်အား
ပြန်လည်ရှာဖွေခဲ့သော် အခါ….
————————————

Download Link With Pcloud Link

https://my.pcloud.com/publink/show?code=XZPnCxZvEUk1EVHMpXzxnbLKXKv9XXfcFLk

 

 

Credit : : Channel Myanmar

Law Abiding Citizen ( 2009 )

Law Abiding Citizen ( 2009 )

lac

Channel Myanmar ပရိတ်သတ်တွေအတွက် IMDb 7.4 ရထားတဲ့
ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်..

Review


ဇနီးဖြစ်သူနဲ့ သမီးလေးတို့ အိမ်အနုကြမ်းစီးမှု့တခုမှာ အသတ်ခံရပြီး အဓိကတရားခံဖြစ်သူက
တရားစီရင်ရေးစနစ်ကြီးရဲ့အားနည်းမှု့ကိုအခွင့်အရေးယူကာ လွတ်မြောက်သွားပြီးနောက်
ဖခင်ဖြစ်သူ ကလိုက်ဒ် ကလက်ဇန်းဒါး ရှယ်လ်တန်တယောက်
ကိုယ့်တရားကိုယ်ဘယ်လိုစီရင်မလဲဆိုတာ….
သူ့ရဲ့ပစ်မှတ်ဟာ အဓိကတရားခံတင်မက ပြည်နယ်ရှေ့နေအပါအဝင်
သူ့မိသားစုအသတ်ခံရတဲ့အမှု့မှာ တရားစီရင်ရေးနဲ့ပက်သတ်ပြီးပါဝင်ခဲ့သူအားလုံး
ဖြစ်နေပြီး သူကိုယ်တိုင်ဘယ်လိုတရားစီရင်မလဲ….
နောက်ဆုံးမှာသူလိုချင်တာကောရသွားမလားဆိုတာကို…
IMDB rating 7.4 ရထားတဲ့ ရုပ်ရှင်ကားကောင်းလေးပါ

ဘာသာပြန်သူ Thiha Kyaw ဖြစ်ပါတယ်

Download With Pcloud ( 490 MB ) (720p BrRip)

https://my.pcloud.com/publink/show?code=XZ7BqxZv9bJ2m7PcpVfH0WSzIKn9Xg58kGy

 

 Credit : : Channel Myanmar

Monamour (2006)

Monamour (2006)

mv5bmjhinwjinzctzdi5ny00mdq0ltlinjqtytcyytu0odljmgyxxkeyxkfqcgdeqxvynje0odewotq-_v1_
mv5bywjhmwvmy2etzwjlzs00y2vmltkxzdgtzwe3mgiyotmyyji4xkeyxkfqcgdeqxvynje0odewotq-_v1_
ရှေးလူကြီးများ က ပြောကြပါတယ် အိမ်ထောင်ရေးမှာ အိပ်ယာပေါ်မှာ မသာယာနိုင်ရင် အပြင်မှာလဲ အဆင်မပြေနိုင်ပါဘူးတဲ့…
ဒီ ရုပ်ရှင်ကားဟာ အိမ်ထောင်ရေး သုခ မပြည့်စုံလို့ မိန်းမ ဖြစ်သူက တစိမ်းယောင်္ကျားတစ်ယောက်အပေါ်တွင် စိတ်ဖောက်ပြန်တဲ့ အချစ်ဇတ်လမ်းလေးပါ
ယောင်္ကျားဖြစ်သူဟာလဲ အလုပ် နှင့် လူမှုရေးတွေမှာသာ အားဖြည့်ပေမယ့် အိမ်က အိပ်ယာပေါ်မှာတော့ ကျရှုံးသူ တစ်ဦးဖြစ်နေပါတယ်…
အချစ် နဲ ကာမ တက်မက်မှု က ရောထွေးလျက် ရှိပြီး တကယ်မချစ်လဲ တက်မက်မှုနောက် လိုက်ရင်း လမ်းမှားရောက်သွားတက်ကြပါတာပါပဲ
မိန်းမတွေရဲ့ တကယ့်လိုအင် ဆန္ဒကို ဖြည့်ဆည်း နိုင်ဖို့ ဘာတွေ လုပ်သင့်လဲ ဆိုတာကို ဒီရုပ်ရှင်ကားကို ကြည့်ရင်းနဲ့ သဘောပေါက်နိုင်မှာပါ
ဒီရုပ်ရှင်ကားကို မိသားစု နှင့် ကလေးသူငယ်များရှေ့ တွင် မကြည့်ပါနှင့် အရွယ်မရောက်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ
အသက် ၁၈ နှစ်ပြည့်ပြီးမှ ကြည့်ပါရန် မေတ္တာရပ်ခံပါသည် ရုပ်ရှင်သည် +R အဆင့် ဖြစ်ပါ၍ ဆင်ဆာဖြတ်ထားမည်မဟုတ်ပါ…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ အိမ်ထောင်ရေး ရုပ်ရှင်ကားတွေကို ကြည့်စေချင်တဲ့ အဘဆရာ သာရစ် ပဲ ဖြစ်ပါတယ် ခင်ဗျာ 😛
(Guru Alcon)

Download HD (1 GB)
https://my.pcloud.com/publink/show?code=XZ1DAxZytCWd3XbsIkKKIL5DpB0LSkbMC5y


Download Small File (430mb)
https://my.pcloud.com/publink/show?code=XZoqAxZ4HrJIumpBd48d6Xe6Xl7n8t2pIbV



 :: Credit ::
http://www.channelmyanmar.org/





Monday, December 26, 2016

Tora Tora Tora (1970)မြန်မာစာတန်းထိုး

Tora Tora Tora (1970)မြန်မာစာတန်းထိုး


Tora! Tora! Tora! ( 1970 )
Imdb      - 7.5/10
အမျိုးအစား - Drama/Action
ကြာချိန်​     - ၂နာရီ၂၅မိနစ်

ရေတပ်ဝန်ကြီးဌာနကို လေကြောင်းစစ်ဆင်ရေးဖက်မှာ ယုံကြည်မှုပြင်းထန်တဲ့ စစ်သေနာပတိ ယာမာမိုတို ပြောင်းလာခဲ့မှ လေယာဉ်မှူးဖူဂျီဒါ ခေါင်းဆောင်သော လေယာဉ်ဖြင့် တော်ပီဒိုဗုံးကျဲစစ်ဆင်ရေးလေ့ကျင့်မှုကို မြင်ပြီး ဂျပန်တို့ရဲ့ ဒုတိယကမ္ဘာစစ်ထဲကို စဝင်ဝင်ချင်း အောင်မြင်မှုကြီးကြီးမားမားရလိုသော စိတ်ကူးယဉ်အိမ်မက် ကို အကောင်ထည်ဖော်ရန် အတွေးရပြီး အမေရိကန် ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ရန် စနစ်တကျစီစဉ်မူစလုပ်ခဲ့ပါတယ်
အမေရိကန်ရေတပ်ရုံးချုပ် ဝှက်စာဖေါ်တဲ့ဌာနမှာလဲ ဂျပန်နိုင်ငံမှ နိုင်ငံတစ်ကာရှိ ဂျပန်သံရုံးတွေကို ပို့တဲ့ ဝှက်စာတွေကို ကာနယ်ဘရက်တန်ဟာ အဓိပ္ပါယ်ဖော်ပြီး ဂျပန်တွေ သူတို့ကိုလာတိုက်မယ်ဆိုတာကို အလေးနက်ယုံကြည်တယ် ဒါပေမယ့် အမေရိကန်နိုင်ငံဟာလဲ သူတို့ တွက်ချက်တာလေးတွေ အားနည်းတာရော အုပ်ချုပ်ရေးပိုင်းက ရာထူးနဲနဲကြီးသူတွေရဲ့ပေါ့စမှုရောကြောင့်ခံလိုက်ရတယ် ဂျပန်နိုင်ငံနိုင်ငံဟာလဲ သူတို့ဘာတွေပေါ့စမိတယ်ဆိုတာကို အားလုံးပြီးသွားတော့မှသိပြီး အောင်မြင်မှုရပြီး မပျော်နိုင်ပဲ ထိတ်လန့်နေရပါတယ်

Review & Translate by Mg Lwin
Encoded by Hein Min Htet
Quality -bluray 720p
size-980mb

https://my.pcloud.com/publink/show?code=XZQUwxZK1zIR8o9pKX5uLh0PxK4tFzY71wk

Contact Form

Name

Email *

Message *