+++++ မင်္ဂလာ ရှိသောနေ့လေးတစ်နေ့ ဖြစ်ပါစေ … ကျွန်တော်တို့ Huawei Honor 4x Users Myanmar Team ရဲ့ Blog လေးကို လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် မိတ်ဆွေတို့အတွက် မိုဘိုင်းလ်ဖုန်းနဲ့ကွန်ပြူတာ နည်းပညာများ၊ဗဟုသုတများနှင့် မြန်မာစာတန်းထိုး ဇာတ်ကားများကို အကောင်းဆုံးတင်ဆက်ပေးနေပါသည် +++++ လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် +++++

Honor 4X Users Myanmar Team

Showing posts with label Xiaomi. Show all posts
Showing posts with label Xiaomi. Show all posts

Thursday, January 5, 2017

Mi 5 ဖုန်း (MIUI 8 6.12.8) ဗားရှင်း Android Nougat တင်နည်း

Mi 5 ဖုန်း (MIUI 8 6.12.8) ဗားရှင်း Android Nougat တင်နည်း

Mi 5 ဖုန်း (MIUI 8 6.12.8) ဗားရှင်း Android Nougat တင်နည်းကို
အလိုရှိကြတဲ့ ညီအကိုတွေ တင်သုံးနိုင်အောင် ပြန်လည်ညွှန်ပေးလိုက်ပါတယ်။

 Xiaomi မှ Mi 5 ဖုန်းအတွက် Nougat Update ဗားရှင်းကို OTA.zip ဖြင့်ချပေးထားပါပြီ
ဒီ Nougat Update ဗားရှင်းက MIUI 8 6.12.8 အပေါ်အခြေခံထားတာလည်းဖြစ်ပါတယ်။

ပြီးတော့ ဒီဖုန်းအတွက် Full Nougat Fastboot file ဖြင်လည်းချပေးလာခဲ့တာမို့ Manual အနေဖြင့်
တင်ယူနိုင်ပါတယ်၊ Recovery Rom ကတော့ မကြာမှီထွက်လာဖို့ရှိပါတယ်၊ အခုတော့ OTA.zip ဖိုင်နဲ့
Fastboot file များကတော့ တိုက်ရိုက်ချပေးထာပြီးဖြစ်လို့ မိမိဖုန်းတွင် တင်သုံးနိုင်ပါပြီ။

Fastboot File ကိုတော့ Mi Flash Tool ဖြင့် အလွယ်တင်ယူနိုင်သလို
OTA Update.zip ဖိုင်ကိုတော့ Update app ဖြင့် တင်ယူနိုင်ပါတယ်။

MIUI 6.12.8 Features and Changelogs 

    Highlights
    New – Black and white colors for doodles (12-05)
    New – Limit the number of devices which can connect to your personal hotspot (12-08)
    Lockscreen, Status Bar, Notification Bar
    Fix – Landscape mode issues with third party themes (12-06)
    Gallery
    New – Black and white colors for doodles (12-05)
    Weather
    Optimization – Home page animation adjustments (12-06)
    Optimization – UI improvements for selecting cities (12-06)
    Settings
    New – Limit the number of devices which can connect to your personal hotspot (12-08)
    Market
    Fix – Automatic updates were interrupted when App Store was stopped (12-08)
    Security
    Fix – Power saving features kept working after quitting Game speed boost (12-07)


 လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။

၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။

၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။

၎။ Xiaomi Mi 5 အတွက်သာဖြစ်ပါတယ်။

၅။ Android Nougat ဖြစ်ပါတယ်။



Download Nougat OTA Zip for Mi 5 MIUI 8 v6.12.8


Updater App ဖြင့် တင်နည်း
===============

၁။ Updater App ကိုဖွင့်လိုက်ပါ။

၂။ Icon in the App ဆိုတာကိုရွေးချယ်ပါ။

၃။ Reboot to Recovery Mode ကိုရွေးချယ်ပါ။

၎။ Recovery Mode တွင် update.zip ကို Flash လုပ်ပါ။
(Volume Up/Volume Down များကိုအသုံးပြုပြီး အပေါ်အောက်ဆင်းနိုင်ပါတယ်)

၅။ Flashing process တစ်ခုပြီးအောင်စောင့်နေလိုက်ပါ။

၆။ ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။

၇။ ပြန်တက်လာတဲ့အခါ MIUI 8 Stable ROM လေးလန်းနေပါလိမ့်မယ်။

၈။ Settings>About >Version ဆိုပြီးစစ်ကြည့်လိုက်ပါ။


Fastboot Rom ကို Mi Flash Tool အသုံးပြုပြီး Manual အနေဖြင့်တင်ယူ
နည်းကိုတော့ အောက်ပါလင့်တွင် ဆက်ပြီးလေ့လာကြည့်လိုက်ပါ။


Download Full Nougat Fastboot file for Mi 5



Mi 5 ဖုန်း ဗားရှင်း Nougat ကို Mi Flash Tool ဖြင့် တင်နည်း


Credit : : ဇူးနစ်(နည်းပညာ)

Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်း step-by-step guide

Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်း step-by-step guide


Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်း step-by-step guide ဖြင့်
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ သိပြီးသား တတ်ပြီးသား သူတွေအတွက်
အခက်ကြီး မဟုတ်ပေမယ့် လေ့လာခါစ ညီအကိုတွေအတွက်တော့ လိုအပ်ပါတယ်။

ဖုန်းနည်းပညာကို လေ့လာနေတဲ့ လူငယ်တိုင်း အထူးသဖြင့်
အကြောင်းကြောင်းကြောင့် သင်တန်းမတက်ဖြစ်ကြသူတိုင်းပေါ့


စမတ်ဖုန်းလောကထဲ မြန်မာ့ ဈေးကွက်ထဲ အခိုင်အမာ နေရာယူထားတဲ့
Xiaomi ဖုန်း Brand အတွက်တွေဟာ တစ်နေ့မဟုတ် တစ်နေ့ ကိုယ့်လက်ထဲကို
Brick တစ်လုံး ရောက်လာခဲ့လျှင် Unbrick ပြန်လုပ်ယူနည်းကို တတ်ကျွမ်းထားရင်
ဝမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူဖြစ်တာပေါ့ဗျာ...

ဒါပေမယ့် ဒီနည်းပညာတွေကို ၀ါသနာပါမှ လေ့လာလိုက်စားဖို့ ကောင်းပါတယ်
သို့တည်းမဟုတ်ရင်တော့ အုံးစားခံရမှာမလွဲပါပဲ၊ စိတ်မရှည်တာမျိုးနဲ့ဆိုရင်တော့...အဟီး

ဟိုအရင်ပိုစ့်တွေမှာတော့ ပိုစ့်ရေးရင်းနဲ့ PDF Version ပြုလုပ်ပြီး စာအုပ်လေးတွေ
လုပ်ပေးလေ့ရှိခဲ့ပါတယ်၊ ဒီပိုစ့်ကိုတော့ စာအုပ်အဖြစ် မတင်ပေးနေတော့ပါ၊ ဒါပေမယ့်
အချိန်ရခဲ့ရင်တော့ ဒီပိုစ့်ကိုပဲ ပြန်လည် Edit ပြုလုပ်ပြီး PDF လေးလုပ်ပေးသွားဦးမှာပါ။


 လိုအပ်ချက်များ
=========
၁။ FastBoot ROM

၂။ ADB Driver

၃။ MiFlash Tool

၎။ TWRP Recovery



ဒေါင်းလော့လင့်များ

 FastBoot ROM Link

 ADB Driver Link

 MiFlash Tool Link

 TWRP Recovery Link



 Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်း
 ===========================
Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်းတွင်
 နည်းလမ်း နှစ်ခုဖြင့်  အထူးလေ့လာရမှာပဲဖြစ်ပါတယ်။


၁။ Twrp recovery Method ဖြင့် ROM များကို Unbrick ပြုလုပ်နည်း။
 

၂။ Fastboot Method ဖြင့် ROM များကို Unbrick ပြုလုပ်နည်း။


အဆိုပါ နည်းလမ်း နှစ်ခုလုံးကို အားလုံး နားလည်လွယ်အောင်
အတတ်နိုင်ဆုံး ရှင်းလင်း ရေးပေးလိုက်ပါတယ်၊ လေ့လာကြည့်လိုက်ပါ။


နည်းလမ်း (၁)
=========
 ၁။ ပထမဆုံး မိမိဖုန်း၏ TWRP Recovery image ဖိုင်ကို အရင်ဒေါင်းလော့ရယူပါ
ဒေါင်းလော့ရလာတဲ့ TWRP Recovery image ဖိုင်ကို "TWRP" ဆိုပြီး နာမည်ပြောင်းပါ။
ကွန်ပျူတာ တွင်သိမ်းဆည်းထားလိုက်ပါ။

၂။ ဖုန်းအတွက် လိုအပ်မယ့် ADB Driver ကို ဒေါင်းလော့ရယူပြီး
ကွန်ပျူတာတွင် Install ပြုလုပ်လိုက်ပါ။

၃။ ဖုန်းကို ပါဝါပိတ်ပြီး Volume down + Power များကို မိနစ်
အနည်းငယ် တွဲနှိပ်ထားပြီး Recovery Mode သို့ဝင်လိုက်ပါ။
Recovery Mode သို့ရောက်သွားတဲ့အခါ ဖုန်းကို ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။

၎။ minimal_adb_fastboot ကိုဖွင့်လိုက်ပါ။



၅။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Device ချင်း အဆင်ပြေခဲ့ရင်တော့
အောက်ပါ Command ကို မှန်အောင် ရိုက်ထည့် Enter ခေါက်။

fastboot devices


၆။ Recovery.img ဖိုင်ကို Flash လုပ်ပေးရမှာဖြစ်လို့ အောက်ပါစာကြောင်းကို
Command Box မှာ မှန်အောက်ရိုက်ထည့် Enter ကိုခေါက်လိုက်ပါ။

fastboot flash recovery twrp.img


၇။ Flashing Process ပြီးဆုံးအောင် စောင့်နေလိုက်ပါ၊
ပြီးသွားတဲ့အခါ ဖုန်းကို Recovery Mode သို့ထပ်ဝင်ပေးရပါမည်၊ ဒီအတွက်
Volume up + Power များကို mi logo မြင်ရတဲ့အထိ တွဲနှိပ်ထားလိုက်ပါ။

၈။ ဖုန်းမှာ Recovery Mode သို့ရောက်နေတဲ့အခါ ဒေါင်းလော့ရယူထားတဲ့
ROM ကို ဖုန်း၏ internal memory သို့ Copy ကူးထည့်လိုက်ပါ။

၉။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားမှုကို ဖြုတ်လိုက်ပြီး၊ Recovery Mode တွင်
system partition and data များကို Wipe (ရှင်းထုတ်) ပေးလိုက်ပါ။



၁၀။ အားလုံးပြီးသွားတဲ့အခါ internal memory တွင်ရှိသည့်
 ROM ကိုရွေးချယ်ပြီး Flash လုပ်လိုက်ပါ၊


၁၁။ Flash process ပြုလုပ်နေတုန်း ပြီးဆုံးအောင် စောင့်လိုက်ပါ
ပြီးရင် ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ ပြန်လည် တက်လာတဲ့အခါ
သင့်ဖုန်းကို Firmware ရေးလို့ အောင်မြင်ပြီးဆုံးပါပြီ။



နည်းလမ်း (၂) 

 ၁။ MIUI Fast Boot Rom zip ဖိုင်ကို အရင်ဒေါင်းလော့ရယူလိုက်ပါ။
ဒေါင်းလော့ရလာတဲ့ Rom zip ဖိုင်ကို extract ဖြင့် ဖြည်လိုက်ပါ။

၂။ zip ဖြည်လိုက်တဲ့ image folder ကို ကူးယူပြီး C: Drive မှာထားပါ။
တစ်ခြား Drive များတွင် ထည့်သွင်းထားခြင်းမျိုး လုံးဝမပြုလုပ်ပါရန်။

၃။ ဖုန်းကို ပါဝါပိတ်ပြီး Volume + Power များကို mi logo
မြင်ရသည် အထိ တွဲနှိပ်ပြီး Fast boot Mode သို့ဝင်လိုက်ပါ။

၎။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ၊ MiFlash Tool ကို ဖွင့်
လိုက်ပါ၊ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ Tool မှ
refresh ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးလိုက်ပါ။



ချိတ်ဆက်မှု ချင်းသိပြီးဆိုရင်တော့ Tool တွင်
သင့်ဖုန်း Device ကိုမြင်ရပါလိမ့်မယ်။

တကယ်လို့ သင့်ကွန်ပျူတာ တွင် ADB USB Driver ထည့်သွင်း
ထားခြင်းမျိုး မရှိသေးပါက ကြိုတင် ထည့်သွင်းထားခြင်းမျိုး ပြုလုပ်ထားပါ။

၅။ Tool option မှ "browse" နေရာကို တစ်ချက်နှိပ်ပြီး C: Drive တွင်
ကူးထည့်ထားတဲ့ image folder ကို ရွေးချယ်ပေးလိုက်ပါ။



 ၆။  အောက်ပါပုံအတိုင်း Advanced ဆိုတာကို ရွေးချယ်လိုက်ပါ။


၇။ အောက်ပါပုံအတိုင်း Browse ဆိုတာကို နှိပ်လိုက်ပါ။


၈။ အောက်ပါပုံအတိုင်း flash all except data store ဆိုတာကို
ရွေးချယ်ပေးပြီး Open ကိုထပ်နှိပ်လိုက်ပါ။


 ၉။ အားလုံး အသင့်ဖြစ်ပြီဆိုတာနဲ့ Tool မှ Flash ဆိုတာကိုနှိပလိုက်ပါ။


 ၁၀။ အောက်ပါပုံအတိုင်း Flash Process ပြုလုပ်နေတုန်း
ကြိုးများကို ပြုတ်လိုက်ခြင်းမျိုး မပြုလုပ်ပါနဲ့ ပြီးဆုံးအောင်စောင့်လိုက်ပါ၊


 ပြီးသွားတဲ့အခါ သင့်ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်း Unbrick ပြုလုပ်ပြီးပါပြီ။



 အားလုံးကို ကျေးဇူးတင်ပါတယ်


Credit : : ဇူးနစ်(နည်းပညာ)

Monday, December 26, 2016

Xiaomi များရဲ့ MIUI 8 မှာ ZawgyiX1 Font မပါရင်ထည့်သွင်းခြင်း

Xiaomi များရဲ့ MIUI 8 မှာ ZawgyiX1 Font မပါရင်ထည့်သွင်းခြင်း



Xiaomi များရဲ့ MIUI 8 မှာ ZawgyiX1 Font အားထည့်သွင်းနည်းလေး ဖြစ်ပါတယ်။
ပထမတင်ပေးထားတဲ့ မြန်မာစာထည့်သွင်းတာကတော့ Mi account လေးတော့လိုပါတယ်။
အခုနည်းလမ်းက Account မသုံးပဲထည့်သွင်းထားတာကို တွေ့ရပါတယ်။ MIUI 8 Global နဲ့
Stable တွေအဆင်ပြေတယ်လို့လည်းသိရပါတယ်။ လိုအပ်တာလေး ရယူပြီး ပြုလုပ်ပုံကို ပုံလေးတွေနဲ့
လေ့လာကြည့်လိုက်ပါ။

oooooOOOOO ZawgyiX1Font အားရယူရန် OOOOOooooo


https://my.pcloud.com/publink/show?code=XZXlACZOWCcKdWy3uLkbPCL6UxOT4ChaUyy


ဒါကတော့ ဘာမှမရှိသေးတဲ့ပုံပါ။
Filemanager ကိုဖွင့်လိုက်ပါ။ ပုံတွေမှာပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါ။

Down လို့ရတဲ့ zip ကိုဖြည်ကာ အထဲထဲမှာပါတဲ့ .data folder ကို
copy ယူပြီးထည့်လိုက်ပါ။

ဒါဆိုရင်တော့ Font ထဲမှာ ZawgyiX1 ရပါပြီ။


ယူသုံးမယ်ဆိုရင်တော့ Apply ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ။

refer – Mg Mg Thar Kyi

Sunday, December 25, 2016

Xiaomi စမတ်ဖုန်းများအတွက် Mi Account Remove bat ဖိုင်

Xiaomi စမတ်ဖုန်းများအတွက် Mi Account Remove bat ဖိုင်

 




Xiaomi စမတ်ဖုန်းများထဲမှ model တော်တော်များကို Mi Account Remove
ပြု လုပ်ပေးနိုင်တဲ့ bat ဖိုင်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီ bat ဖိုင်လေးကိုတော့
Ko Than Toe Aung မှ ရေးသားမျှဝေပေးထားတာဖြစ်ပါတယ်။ bat ဖိုင်လေးကနေပြီး
Bootloader unlock ပြု လုပ်ပြီးသား အောက်ပါ model များကို Account Remove
ပြု လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

aries = Xiaomi Mi 2/2S
armani = Redmi 1S
cancro = Xiaomi Mi 3 / Xiaomi Mi 4 CDMA/WCDMA/LTE
dior = Redmi Note 4G
ferrari = Xiaomi Mi 4i
gucci = Redmi Note Prime (4G Dual-SIM)
mione_plus = Xiaomi Mi 1/1S
pisces = Mi3 TD
virgo = Xiaomi Mi Note
wt88047 = Redmi 2
wt88047_pro = Xiaomi Mi 2A


http://www.mediafire.com/?kwnl6b89mzbbiw2


credit & password – thantoeaung

Xiaomi စမတ်ဖုန်းများအတွက် MIUI Flashing Tool

Xiaomi စမတ်ဖုန်းများအတွက် MIUI Flashing Tool

 

 Xiaomi စမတ်ဖုန်းများကို Firmware ပြန်တင်လို့ရတဲ့အပြင် Lock ကျနေတဲ့အချိန်မှာ model စစ်လို့ရပါမယ်။ မရှိသေးဘူးဆိုရင်တော့ ရယူပါ။

 

http://www.mediafire.com/file/kb44h5zb3i3v2f5/MI+Flashtool.rar

 

Xiaomi စမတ်ဖုန်းများအတွက် အသုံးဝင် Mi PC Tool

Xiaomi စမတ်ဖုန်းများအတွက် အသုံးဝင် Mi PC Tool





Xiaomi စမတ်ဖုန်းတွေအတွက် lock တွေကိုဖြုတ်ပေးနိုင်မဲ့ Mi Pc Tool လေးကို
မျှဝေပေးလိုက်ပါတယ်။ ကိုရဲလင်းအောင်မှ တင်ပေးထားတာဖြစ်ပါတယ်။
ဖုန်းကို Recovery mode အနေအထားမှာထားပြီး အသုံးပြု ရမှာ ဖြစ်ပါတယ်။
အသုံးပြု ကြည့်လိုရင်တော့ ရယူလိုက်ပါ။


http://miuirom.xiaomi.com/rom/u491047765/2.3.0.4071/mipctoolexe-2.3.0.4071.exe



Contact Form

Name

Email *

Message *