Android ဖုန်းမှာ မှားဖျက်လိုက်မိတဲ့ပုံတွေကို ဘယ်လိုပြန်ယူကြမလဲ
တကယ်လို့ သင်ဟာ မှားပြီးတော့ ဓါတ်ပုံအယ်လ်ဘမ်တစ်ခုကို ဖျက်လိုက်မိတာ သို့မဟုတ် စမတ်ဖုန်းက မတော်တဆ သင့်ရဲ့ gallery ထဲက အရာအားလုံးကို ဖျက်လိုက်မိတာမျိုးဆိုရင် ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေမျိုး ခံစားတွေ့ကြုံရမှာပါ။ မကြောက်ပါနဲ့။ သင့်ရဲ့ပျောက်ဆုံးသွားတဲ့ပုံတွေဟာ တကယ်တော့ ပျောက်သွားတာမဟုတ်ပါဘူး။ ဘယ်လိုမျိုး ပြန်ယူလို့ရသလဲဆိုတာ အလွယ်နည်းလေး ပြပေးမှာပါ။ တစ်ခုမှတ်ထားရမှာက မြန်မြန်လုပ်ဆောင်ဖို့ပါပဲ။
FonePaw Android Data Recovery
FonePaw Android Data Recovery ဟာ သင့်ရဲ့ Android ဖုန်းပေါ်မှာ ဖျက်မိတဲ့ပုံတွေကို မျက်စိတမှိတ်အတွင်း ပြန်ယူပေးနိုင်ပါတယ်။ သုံးစွဲသူတွေအတွက် ရင်းနှီးကျွမ်းဝင်တဲ့ interface တွေနဲ့ ရိုးရိုးလေးလုပ်ဆောင်လိုက်ရုံနဲ့ သင့်ရဲ့ပုံတွေကို လုပ်အားနည်းနည်းနဲ့ ပြန်လည်ရရှိနိုင်တော့မှာပါ။
အခုလို အရည်အသွေးမြင့်ပုံတွေကို ပြန်လည်ယူဆောင်ပေးတဲ့ ပရိုဂရမ်ဟာ platform အတော်များများမှာ လုပ်ဆောင်နိုင်ပါတယ်။ အဲဒီမှာ Sony ၊ Google ၊ Huawei ၊ Samsung ၊ Motorola ၊ LG နဲ့ အခြားဖုန်းထုတ်လုပ်သူတွေရဲ့ ဖုန်းနဲ့ တက်ဘလက်တွေမှာ သုံးနိုင်ပါတယ်။ FonePaw Android Data Recovery ကို အခုပဲရယူလိုက်ပြီးတော့ သင့်ရဲ့ တန်ဖိုးရှိတဲ့ပုံတွေကို ပြန်လည်ရယူလိုက်ပါ။
ဒီနေရာမှာ FonePaw Android Data Recovery ကို download ယူလိုက်ပါ။
How to recover lost photos on Android
ပထမဆုံးအနေနဲ့ Wi-Fi နဲ့ data connections လေးကို ပိတ်ပေးပါ။ အကြောင်းကတော့ ပုံတွေ၊ သီချင်းတွေ၊ စာဖိုင်တွေကို ဖျက်လိုက်တဲ့အခါမှာ နောက်ထပ်တခုခုက ဖုန်းရဲ့ memory မှာ ၀င်မလာမချင်း တကယ်မပျက်သေးပါဘူး။
ဒါကြောင့် memory ပေါ်မှာ သင်ထားခဲ့တဲ့ ပုံတွေရဲ့ နေရာကို စမှတ်အနေနဲ့ ပြန်ထားပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအမှတ်ကိုသာ ပြန်ရှာနိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့ပုံတွေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ပုံတွေနေရာမှာ တခုခုသာ ၀င်ရောက်နေခဲ့ပြီဆိုရင်တော့ အဲဒီပုံတွေဟာ ထာဝရပျောက်ကွယ်သွားမှာဖြစ်ပြီး ပြန်လည်ယူလို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် အချိန်က အရမ်းကိုအရေးပါလှပါတယ်။
Note: ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် root လိုအပ်ပါတယ်။
(1)Dr.Fone for Android by Wondershare(available for Mac or PC) ကို သင့်ရဲ့ကွန်ပျူတာမှာ download ပြုလုပ်ပါ။
အခြားအရာတွေလည်းရှိပေမယ့် ကျွန်တော်တို့ကတော့ သူ့ကိုပဲ ထောက်ခံပေးထားပါတယ်။
(2)Install ပြုလုပ်ပါ။ ပြီးရင် ဖွင့်ပြီး register လုပ်ပါ။ အောက်မှာပြထားတဲ့ပုံလို မြင်ရမှာပါ။
(3)သင့်ရဲ့ စမတ်ဖုန်းကို USB ကြိုးကို အသုံးပြုပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။
သင့်ရဲ့စမတ်ဖုန်းမှာ USB debugging ကို enable လုပ်ထားဖို့ လိုပါတယ်။ မလုပ်ရသေးဘူးဆိုရင်တော့ Settings > About Phone ထဲက Build Number ကို ထပ်ကာထပ်ကာနှိပ်လိုက်ပါ။ notification လေး ပေါ်လာမှ ရပ်လိုက်ပါ။ ဒါဆိုရင်တော့ Developer Options သုံးလို့ရသွားပါပြီ။
Settings ကို ပြန်သွားပါ။ Developer Options ကို အောက်ခြေနားမှာ မြင်ရမှာပါ။ USB Debugging ဆိုတာလေးကို လိုက်ရှာပြီး အမှန်ခြစ်လိုက်ပါ။ Dr.Fone screen မှာ USB Debugging is being opened ဆိုတာလေး မြင်ရမှာပါ။
Android Lollipop အတွက်ဆိုရင်တော့ PC မှာ ခွင့်ပြုချက်တောင်းတဲ့အခါ ခွင့်ပြုပေးလိုက်ဖို့ လိုပါတယ်။
(4)ကွန်ပျူတာနဲ့ စမတ်ဖုန်း ချိတ်ဆက်မိပြီဆိုရင်တော့ ဖျက်မိတဲ့ဖိုင် အမျိုးအစားကို ရွေးရမှာပါ။ ကျွန်တော်တို့က ဓါတ်ပုံအကြောင်းပြောနေတဲ့အတွက် အဲဒါကိုလုပ်ပြမှာပါ။ သင်ကတော့ သက်ဆိုင်ရာကို ရွေးချယ်နိုင်ပါတယ်။
(5)ပြီးရင်တော့ ဖျက်မိတဲ့ဖိုင်တွေကို scan ဖတ်မှာပါ။ ဒါကြောင့် ‘Deleted files’ option ကို ယူလိုက်ပါ။ RSA key အတွက်တောင်းတာကို လက်ခံပေးရမှာပါ။ (‘Always accept’ ဆိုတာလေးကို အမှန်ခြစ်ထားရင် နောက်ခါ လွယ်ကူသွားမှာပါ။)
(6)ပြီးရင်တော့ Dr.Fone ဟာ သင့်ဖုန်းကို စစ်ဆေးပြီး reboot ချလိုက်မှာပါ။ ပြီးရင်တော့ သူ့ဘာသာ ပြန်ချိတ်သွားပါလိမ့်မယ်။ ဖုန်းပေါ်မှာ ခွင့်ပြုချက်တွေ တောင်းလာသမျှကိုတော့ လက်ခံပေးရမှာပါ။
(7)Dr.Fone လုပ်ဆောင်ချက်ပြီးသွားရင်တော့ ပြထားတဲ့ ပုံတွေထဲကမှ သင်လိုချင်တာကို ရွေးချယ်နိုင်ပါပြီ။ ပြီးရင်တော့ Recover လုပ်လိုက်ပါ။ အဆင်ပြေသွားပါပြီ။
(8)ဒါလုပ်ဆောင်ပြီးသွားရင်တော့ သင့်အနေနဲ့ သင်ခန်းစာရသွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခုချိန်ကစပြီးတော့ ကော်ပီပွားထားသင့်ပါပြီ။ မစိုးရိမ်ပါနဲ့ အဲဒီလို သင်ခန်းတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။
How to back up your photos on Android
အခုပြောခဲ့တာကတော့ မှားဖျက်မိတဲ့ပုံတွေကို ဘယ်လိုပြန်ယူမလဲဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ ဖြစ်ပါတယ်။ Google Photos ဆိုတဲ့ app လေးကို သုံးရမှာပါ။ unlimited photo storage ကို ပေးထားပြီး backup function ကလည်း လုပ်ဆောင်ရအရမ်းလွယ်ပါတ်။Install လုပ်ပြီးတာနဲ့ Settings ကို သွား၊ Backup & sync ပြုလုပ်လိုက်ပါ။ ဘယ်နည်းနဲ့လုပ်မယ်ဆိုတာလေး ရွေးပေးလိုက်ပါ။ Google photos ဘယ်လိုသုံးရမလဲဆိုတာ သိချင်ရင်တော့ အဲဒီလင့်လေးကိုသာ ကြည့်လိုက်ပါ။
Google Photo Link
:Credit :
No comments:
Write comments