iOS 10 မှာ Yalu နဲ့ Cydia Impactor (Windows) တို့ကို အသုံးပြုပြီး Jailbreak လုပ်ကြမယ်
Windows အတွက် Yalu နဲ့ Cydia Impactor ကို အသုံးပြုပြီး iOS 10.1.1 ပါရှိတဲ့ iPhone ကို jailbreak လုပ်နည်းတွေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီ jailbreak ဟာ စမ်းသပ်နေဆဲဖြစ်ပြီး iOS 10.1.1 သုံးထားတဲ့ iPhone 7 နဲက iPhone 7 Plus မှာသာ စမ်းသပ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ တကယ်လို့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းကို restore လုပ်ရပါလိမ့်မယ်။ ဒီ jailbreak ကို လက်ရှိမှာတော့ update လုပ်နေပြီး မကြာခင်မှာ iOS 10 firmware သုံးထားတဲ့ iPhone 6s နဲ့ iPad Pro တွေမှာ မကြာခင် ရနိုင်တော့မှာ ဖြစ်ပါတယ်။
Cydia Substrate ကတော့ အခုထိ သုံးလို့မရသေးပါဘူး။ ဒါကြောင့် အဆင်မပြေပါဘူး။
Step One
သင့်ရဲ့ဖုန်းကို iCloud သို့မဟုတ် iTunes မှာ backup လုပ်ထားပါ။ iOS 10.1.1 သုံးထားတဲ့ iPhone 7 သို့မဟုတ် iPhone 7 Plus ရှိမှသာ ဆက်လုပ်ပါ။
Step Two
ဒီနေရာကနေ Yalu jailbreak IPA ကို download ပြုလုပ်ပါ။
Cydia Impactor ကို ဒီနေရာကနေDownload ပြုလုပ်ပါ။
ပြီးရင်တော့ သင့်ရဲ့ကွန်ပျူတာမှာ ဖိုဒါလေးနဲ့ save လုပ်လိုက်ပါ။
Step Three
Impactor zip မှာ Right click ထောက်ပြီး ဖြည်လိုက်ပါ။
Step Four
ဖြည်လိုက်တဲ့ ဖိုဒါထဲကနေပြီးတော့ Impactor ကို ဖွင့်လိုက်ပါ။ Run as Administrator မလုပ်ရပါဘူး။
Run ပဲ လုပ်လိုက်ပါ။
Step Five
သင့်ရဲ့ iPhone နဲ့ ကွန်ပျူတာကို USB နဲ့ ချိတ်ဆက်ပြီး တခုခုမေးလာရင် Trust လို့ နှိပ်ပေးလိုက်ပါ။
Cydia Impactor app ထဲကို ခုနက download ပြုလုပ်ထားတဲ့ mach_portal+yalu IPA ကို ဆွဲထည့်ပေးလိုက်ပါ။
Step Six
သင့်ရဲ့ Apple ID နဲ့ password ကို တောင်းပါလိမ့်မယ်။ IPA ထဲကို ၀င်ဖို့အတွက်သာ အသုံးပြုမှာ ဖြစ်ပါတယ်။
Step Seven
Cydia Impactor ဟာ IPA ထဲကိုဝင်ပြီး Yalu jailbreak app (mach_portal) အသစ်ကို သင့်ဖုန်းထဲမှာ install ပြုလုပ်ပါလိမ့်မယ်။
Step Eight
သင့်ရဲ့ဖုန်းထဲကို app အောင်အောင်မြင်မြင်နဲ့ download ပြုလုပ်ပြီးပြီဆိုရင်တော့ဖြင့် သင့်ရဲ့ အီ်းမေးလ် လိပ်စာအောက်မှာ ရှိတဲ့ developer profile ကို trust လုပ်ပေးရပါမယ်။
Settings ထဲက General ပြီးတော့ Device Management ကို သွားပါ။
Device Management menu မှာ သင့်ရဲ့ အီးမေးလ်ကို ရွေးပေးပါ။
Trust ကို နှိပ်ပါ။
ထပ်ပေါ်လာရင်လည်း Trust လုပ်ပါ။
Step Nine
Home screen ကိုပြန်သွားပြီး Yalu (mach_portal) app ကို ဖွင့်လိုက်ပါ။
white screen ကို ၁၅-၂၀ စက္ကန့်လောက် မြင်ရပါမယ်။
သင့်ရဲ့ iPhone ဟာ reboot ဖြစ်သွားပြီး သင့်ရဲ့ SpringBoard မှာ Cydia ရလာပါလိမ့်မယ်။
ဂုဏ်ယူပါတယ်၊ jailbreak ပြုလုပ်ပြီးပါပြီ။
Restart ပြီးတာနဲ့ yalu (mach_portal) ကို semi-tethered jailbreak အနေနဲ့ ပြန်ဖွင့်ဖို့ လိုပါတယ်။ Cydia ကို ဖွင့်ပြီး သင့်ရဲ့ jailbreak ပြုလုပ်ထားမှုကို ခံစားနိုင်ပါပြီ။
Credit : : Aung Phyo Oo (Myanmar Mobile App)
No comments:
Write comments