+++++ မင်္ဂလာ ရှိသောနေ့လေးတစ်နေ့ ဖြစ်ပါစေ … ကျွန်တော်တို့ Huawei Honor 4x Users Myanmar Team ရဲ့ Blog လေးကို လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် မိတ်ဆွေတို့အတွက် မိုဘိုင်းလ်ဖုန်းနဲ့ကွန်ပြူတာ နည်းပညာများ၊ဗဟုသုတများနှင့် မြန်မာစာတန်းထိုး ဇာတ်ကားများကို အကောင်းဆုံးတင်ဆက်ပေးနေပါသည် +++++ လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် +++++

Honor 4X Users Myanmar Team

Thursday, December 29, 2016

X-Men Collection ( Special Package ) မြန်မာစာတန်းထိုး

X-Men Collection ( Special Package ) မြန်မာစာတန်းထိုး


11177551_800
X-Men ဇာတ်ကားတွေ အားလုံးကို စုစည်းပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ Timelineတွေက ထွက်တဲ့ ခုနှစ်အတိုင်း ကြည့်မယ်ဆို ဟိုရောက်လောက် ဒီရောက်လောက် ဖြစ်နေတယ်မို့ သူရဲ့ Original Timelineနဲ့ အနီးစပ်ဆုံးဖြစ်အောင် စီပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ အစဉ်လိုက်ကြည့်သွားမယ်ဆိုရင် တော်တော် ဆက်စပ်မှူ ရှိသွားတာကို တွေ့ရမှာပါ

X-Men: First Class (1962) မြန်မာစာတန်းထိုး


X-menပရိသတ်တွေ အတွက် ဒီဇာတ်ကားက အစိမ်းသက်သက်မဖြစ်နိုင်ပါဘူး။ ဒီဇာတ်ကားက ထွက်တာ နောက်ကျပေမဲ့ X-menဇာတ်ကားထဲက ဇာတ်ဆောင်တွေရဲ့ အရင်ဘ၀ကို ပြသနိုင်တဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။X-menဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ငယ်ဘ၀တွေ၊သူတို့ရဲ့ အစွမ်းတွေ၊ သူတို့ရဲ့ နာကြည်းမှူတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ဇာတ်ကားပါ၊ ဇာတ်လမ်းအကျဉ်းချုပ်တော့
Magneto ဖြစ်လာမယ့် Erick က သူ့အမေကို Shaw သတ်ခဲ့တာ ပြန် လက်စားချေချင်တဲ့ စိတ် ပြင်းထန်ပြီး ထိန်းမနိုင်ဖြစ်လာတာ .. mutant တွေနဲ့ ကြီးစိုးချင်စိတ် ဖြစ်လာသူ
Charles က နဂိုကတည်းက mutant တွေအတွက် စိတ်ကောင်းထားတဲ့လူ .. လောကမှာ လူသားနဲ့ mutant သဟဇာတ ဖြစ်အောင် နေချင်သူ .. Erick ကိုလဲ သံယောဇဉ် ရှိနေသူ
Striker က အာဏာပိုင်အဖွဲ့ထဲကနေ .. mutant တွေကို စိတ်ဝင်စားနေသူ .. mutant ကို အခြေခံပြီး တခုခု လုပ်ဖို့ ကြံနေသူအဖြစ် စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်ကားပါ။

https://my.pcloud.com/publink/show?code=XZ5uCxZFQJ9txieKrVWwrnYxjjL5uaq3gDV


X-Men: Days of Future Past(1973) မြန်မာစာတန်းထိုး

Screen Shot

ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး အရသာရှိပါတယ်။
ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင် ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။
Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့ Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော် တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့ Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။
အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဥာဏ်တွေ ဘယ်လို ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William Stryker အငယ်ဘ၀က ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊ Wolverine ရဲ့ မှတ်ဥာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။
Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်……….)
File size…(999MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….02:02:53
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


https://my.pcloud.com/publink/show?code=XZ6nCxZd8s8SdFNDvQ4bwVm7lBhjyEovqGX


 
X-Men Origins: Wolverine (1981) မြန်မာစာတန်းထိုး
 
5169335-7494339347-v1-btsxmte3nzqzndtqoze3mdizoziwndg7odawozeymda
 
X-Men Origins: Wolverine (2009) ဇာတ်ကားဟာ လက်ရှိကျနော်တို့ကြည့်ဖူးသမျှ X-Men ဇာတ်ကားတွေအားလုံးရဲ့ အစကားလို့ပြောလို့ရပါတယ် ဒီဇာတ်ကားမှာ ဝိုးဘားရင်းန်ရဲ့ငယ်ဘဝ ဝိုးဘားရင်းန်ဆိုတာဘယ်လို ဇာတ်ကောင်စရိုက်ရှိတယ်ဆိုတာနဲ့ သူ့ရဲ့ သံမဏိလက်သည်းတွေ ဘယ်လိုစရလာတယ်ဆိုတာကို သေသေချာချာရိုက်ပြသွားပါတယ်။ ဒီဇာတ်ကားဟာ IMDbအနေနဲ့ 6.7 နဲ့ rottentomatoes မှာ 5.1% ရရှိထားခဲ့တော့ အတော်အသင့် rating မြင့်တဲ့ မိသားစုနဲ့ကြည့်လို့ အဆင်ပြေတဲ့ဇာတ်ကားတစ်ကာလို့လည်းပြောလို့ရပါတယ်။ နောက် Deadpool ကိုလည်းပရိတ်သတ်တွေအတွက်မိတ်ဆက်ပေးခဲ့ပါတယ် ခြုံငုံပြောရရင်တော့ X-Men fan တွေအနနဲ့ ဒီဇာတ်ကားဟာလုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ ဒီထက်ပိုပြီး ဒီဇာတ်ကားကို ညွှန်းချင်ပါသေးတယ် ဒါပေမယ့် ကျနော်က ကာတွန်းမဖတ်ဖူးတော့ ရုပ်ရှင်ကြည့်ပြီး သိသလောက်လေး ညွှန်းပေးရတာပါ ဒီတော့ အညွှန်းမှာလိုအပ်ချက်တွေရှိခဲ့ရင်လဲ ကျနော့်အမှားသာဖြစ်ပါကြောင်း ကဲ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များ X-Men ဖန်းများအတွက် အနီးစပ်ဆုံးဖြစ်နိုင်အောင် ဘာသာပြန်ပေးလိုက်ကြောင်းပါ
(ဘာသာပြန်သူကတော့ ကိုMin Thet Ooပဲ ဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZGuCxZtBWmJWVvvF85Bm3wEmGf30uo8QOk

 

Download And Watch With Pcloud Link Small File Size

https://my.pcloud.com/publink/show?code=XZouCxZOBVVPEGRjg5DbMR8ikEm1SIWaLyX

 

X-Men: Apocalypse (1983) မြန်မာစာတန်းထိုး
 

“X-Men: Apocalypse (2016)”
Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။
X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပြီးတော့ X-Men film series ရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း Spoiler Free
+++++++++++++++++++++++
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ခံခဲ့ရတဲ့ ပထမဆုံးသော စွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။
နာမည်ကတော့ En Sabah Nur (Apocalypse)
ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။
ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၎ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို့ ပြင်ပါတော့တယ်။
Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲ့က ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမယ်ဆိုတာ…..။
(* စာတန်းထိုးအပြီး အဆုံးမှာ ဇာတ်ဝင်ခန်း after-credit-scene ပါဝင်ပါတယ်။)
+++++++++++++++++++++++++++
လက်ရှိအချိန်.. #IMDB မှာ rating 7.5အထိ ရထားပါတယ်။
* ဒီဇာတ်ကားမှာ ရေလည်လန်းတဲ့ ရိုက်ကူးမှု effectတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ဝမ်းနည်းစရာတွေ၊ ဟာသကွက်တွေအပြင် သုံးထားတဲ့ မင်းသား မင်းသမီးတွေ၊ သံစဉ်တီးလုံးတွေ သီချင်းတွေကလဲ လန်းနေလို့ ကြည့်ရတာ အများကြီးတန်ပါတယ်။
ဒါ့အပြင် စကားပြောခန်းနဲပြီးတော့ ဇာတ်လမ်းကလဲ ရှင်းရှင်းပဲမို့ X-Men နဲ့ မရင်းနှီးတဲ့သူတွေတောင် နားလည်ရလွယ်ကူမယ့်အပြင်၊ ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မှာပါ။ *
ဒီဇာတ်ကားအတွက် #Budget $234 millionကို သုံးစွဲထားပါတယ်၊
ပြသချိန်က 144 minutes (2hrs 24mins) ကြာမြင့်မှာ ဖြစ်ပြီးတော့…..
X-Men (2000), X2: X-Men United (2003), X-Men: First Class (2011), X-Men: Days of Future Past (2014) တို့ရဲ့ Director Bryan Singerကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ –
James McAvoy (#Professor X)
Michael Fassbender (#Magneto)
Jennifer Lawrence (#Mystique)
Oscar Isaac (#Apocalypse)
Nicholas Hoult (#Beast)
Rose Byrne (#CIA agent Moira Mactaggert)
Tye Sheridan (#Cyclops)
Sophie Turner (#Jean_Grey)
Olivia Munn (#Psylocke)
Lucas Till (#Havok)
Evan Peters (#Quicksilver)
Kodi Smit-McPhee (#Nightcrawler)
Alexandra Shipp (#Storm)
Ben Hardy (#Angel/ #Archangel)
Lana Condor (#Jubilee)
Josh Helman (#William_Stryker)
Tómas Lemarquis (#Caliban)
တို့ ဖြစ်ပြီး…Hugh Jackman (#Wolverine)ကလည်း ပါဝင်ထားပါတယ်။
Stan Leeက သူ့မိန်းမ Joanie Leeနဲ့အတူ cameo ပါဝင်ထားပါတယ်၊
#Blob နေရာက သရုပ်ဆောင်ကတော့ wrestler “Giant” Gustav Claude Ouimet ဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ …
20th Century Fox, Marvel Entertainment, Bad Hat Harry Productions, Kinberg Genre, The Donners’ Company, TSG Entertainment တို့ဖြစ်ပြီး 20th Century Foxက ဖြန့်ချိထားတာပါ။
ရုံတင်ခဲ့တဲ့ရက်တွေကတော့ …
May 18, 2016 (United Kingdom)
May 27, 2016 (United States) ဖြစ်ပါတယ်။
#ဇာတ်ညွှန်းရေးသားသူ (Thiha Maung )
X-Men fans Myanmar>>> https://facebook.com/X-Men-fans-Myanmar-678775935594821/
(ဒီဇာတ်ကားကို Moe Myint Lwin မှဘာသာပြန်တင်ဆက်ထားတာပါ။)
File size…(1.2GB)
Quality…Blu-Ray 720p
Format…mp4
Duration….02:23:58
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD

https://my.pcloud.com/publink/show?code=XZ7sCxZ08NUOKpTLlfKL6r9vByVLfefssyV





X-Men (2000 ) မြန်မာစာတန်းထိုး

xmene1

ဒီဇာတ်ကားဟာ X-Men ဇာတ်ကားကို ကျနော်စကြည့်ဖူးတဲ့ ဇာတ်ကားပါ ဒီဇာတ်ကားဟာ X-Men timeline အနေနဲ့ပြောရရင် timeline အလည်လောက်က အဖြစ်အပျက်တွေကို ရိုက်ကူး ဖေါ်ပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အားရစရာပါ IMDb 7.4 ရရှိထားခဲ့ပါတယ် ခရမ်းချဉ်သီးကတော့ 7.5 ပါ ဒါလည်း အတော်မြင့်တဲ့ rating ပါ ဇာတ်လမ်းအကြောင်းနည်းနည်းညွှန်းရရင်တော့ X-Men Origins: Wolverine ထဲမှာ အတိတ်မေ့သွားတဲ့ လိုဂန်တစ်ယောက် မြေအောက် ကြိုးဝိုင်းလက်ဝှေ့ပွဲတွေမှာ ကျင်လည်ရင်း သူ့အတိတ်ကိုပြန်သတိရဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပရော်ဖက်ဆာ ချားလ်စ်ဇေးဗီးယားကလည်း သန္ဓေပြောင်းလူသားတွေအတွက် နားခိုရာ ကျောင်းကြီးတည်ဆောက်လို့ လူသားတွေနဲ့ သန္ဓေပြောင်းလူသားတွေကြားက ရန်လိုမှု့တွေကို အစွမ်းကုန်ကြိုးစားနားလည်မှု့တည်ဆောက်နေခဲ့တဲ့အချိန်
ငယ်စဉ်ကလေးဘဝကတည်းက လူသားတွေကြောင့် စိတ်ဒါဏ်ရာအကြီးအကျယ်ရခဲ့ပြီး ဘယ်လောက်ပဲ ကောင်းအောင်နေခဲ့နေခဲ့ ကံတရားက မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ မက်ဂနီတိုတစ်ယောက် သန္ဓေပြောင်းလူသားတွေရဲ့ ခံစားချက်ကို လူသာမန်တွေ နားလည်နိုင်အောင် လုပ်ပြမယ်ဆိုတဲ့ စစ်ပွဲကိုဦးတည့်သွားစေနိုင်မယ့် လုပ်ဆောင်မှု့တွေ ဖန်တီးတော့မယ့် အချိန် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့ ထိပ်တိုက်တွေ့ရင်း….
X-Men ဇာတ်ကောင်စရိုက်အစုံ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ နားလည်နိုင်အောင် ရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဒါကိုလည်း ဇာတ်လမ်းသဘောနဲ့ အတတ်နိုင်ဆုံး တူညီအောင် ဘာသာပြန်ပေးလိုက်ပါတယ် X-Men ပရိတ်သတ်များ စိတ်တိုင်းကျမှု့မရှိခဲ့ပါက ကျနော့်အမှားသီးသန့်သာဖြစ်ကြောင်း …ကဲ ဆွဲကြည့်လိုက်ပါဦးဗျာ
 (ဘာသာပြန်သူကတော့ Min Thet Oo ပဲဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZpfCxZpVvq2cfHWc5LaaCm2Qktukp2QKY7

 

Download And Watch With Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZJfCxZopB772O1GTjsE3XoLOc6lBRGyUVk


 
 
X2 (2003) မြန်မာစာတန်းထိုး
 
518enndmc4l
ဒီဇာတ်ကားက ကျနော်ကြည့်ဖူးတဲ့ ဒုတိယမြောက်ကားပေါ့ ထုံးစံအတိုင်းဗျား IMDb 7.5 နဲ့ rotten tomatoes 7.5 တောင်ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း အနေနဲ့ကတော့ ဘယ်သူကမှန်းခိုင်းစေမှန်းမသိရတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် နိုင်ငံတော်သမ္မကြီးကို ဝင်ရောက်လုပ်ကြံတဲ့အခန်းနဲ့ အစပျိုးထားပါတယ် နောက်ပလပ်စတစ် အကျဉ်းထောင်နဲ့ အချုပ်ခံထားရတဲ့ မက်ဂနီတိုတစ်ယောက် ဘာတွေများကြံစည်နေခဲ့လဲ လိုဂန်တစ်ယောက်ရော အတိတ်ကိုပြန်မှတ်မိနိုင်ပါ့မလား ကျနော်တို့ဖီးနစ်ငှက်မလေး ဂျင်းန်တစ်ယောက်ရော ဘယ်လိုဖြစ်လာမလဲ ဒါတွေအပြင် လိုဂန်ရဲ့ဘဝကို ကောင်းကောင်း မွှေနှောက်သွားခဲ့တဲ့ သူ့ရဲ့အချစ်တော် ဝီလီယမ်စရိုက်ကာကရော ဘာတွေကြံစည်နေခဲ့သလဲ..
ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ အကောင်းဆုံးတင်ဆက် ပေးသွားခဲ့ပါတယ် ကဲ X-Men ဖန်များရော မကြည့်ရသေးသူ များပါကြည့်ရတာ တန်မယ့်ကား ဖြစ်ကြောင်း ဘာသာပြန်လိုအပ်ချက်များရှိပါက ကျနော့်အမှားသာဖြစ်ကြောင်းပြောကြားရင်း ကဲဆွဲလိုက်ကြပါဦးဗျာ
( ဘာသာပြန်သူကတော့ MIn Thet Oo ပဲ ဖြစ်ပါတယ်)

Download And Watch Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZnfCxZ2bYH7dKiREu3WR3v5ilfC7R8nP1y

 

Download And Watch With Pcloud Link Small File Size

https://my.pcloud.com/publink/show?code=XZPfCxZRSm8yCiCapJt2zda2rAgrkrRjjvX

 

 
 
X-Men: The Last Stand (2006) မြန်မာစာတန်းထိုး
 

X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine တို့  Megneto တို့  Professer X တို့ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့  သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့  အပယ်ခံ Emo ဆန်ဆန် Mutant လို့ ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို အရမ်းသဘောကျခဲ့ကြတာပါ … . .
X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ .. Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ … Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ ခိုလှုံရာကျောင်းကြီးကို စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့  Megneto တို့ အကြောင်းကို စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့  X-Men Fans တွေကတော့ သိကြပါတယ် … . .
X2 (2003)မှာတော့  President ကြီးကို လုပ်ကြံဖို့  ကြိုးစားခဲ့တဲ့ Mutant ကို လိုက်ရှာရင်းနဲ့  Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့  ကြိုးစားရမယ့် X-Men အဖွဲ့ ရဲ့  ဒုတိယ ဇာတ်လမ်းတစ်ပုဒ်ပါ … . .
X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့  သတ်မှတ်ထားတဲ့သိပံ္ပပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိုးဆေး ပေါ်ပေါက်လာတာဟာ Mutant မျိုးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့  ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့ က တားဆီးဖို့  ကြိုးစားရမှာပါ …
(ဒီဇာတ်ကားအတွက် အညွန်းကိုတော့ Aung Wunna Kyawမှနေပြီး ရေးပေးထားတာ ဖြစ်ပါတယ်။)

Download And Watch Pcloud Link

https://my.pcloud.com/publink/show?code=XZhnCxZ1LC4ieNlFCScIlhGcj1j7y9ENo9X

 


The Wolverine (2013) မြန်မာစာတန်းထိုး

July 26, 2013 (USA) တွင် ရုံတင်ပြသခဲ့ပြီး
Director: James Mangold ရိုက်ကူးထားတဲ့ X-Men : The Wolverine သိပ္ပံအက်ရှင် အမျိုးအစား
ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်ပါတယ်…
X-Men ဇတ်လမ်းရုပ်ရှင်များ အစီအရီ တစ်နှစ်ကား ထွက်လာပြီးနောက်
X-Men First Class ပြီးနောက် ထွက်ရှိလာသော ဇတ်ကားဖြစ်ပြီး ဒီဇတ်ကားမှာ
Logan ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ စစ်စခန်းတွင် ရေတွင်းပျက်တစ်ခုအတွင်း
အချူပ်ခံထားရတဲ့ အခန်းကနေ စပါတယ်…
အင်္ဂလိပ်တွေ ဗုံးကျဲတဲ့ အချိန်မှာပဲ စစ်ဗိုလ်လေး ယာရှီဒါ ဟာ ကိုယ့်ကိုကိုယ် မသတ်သေခင်
Logan အား ရေတွင်းအဖုံးဖွင့်ပေးလိုက်ပါတယ် ထို့နောက်
မိမိ ကိုကိုယ် အဆုံးစီရင်ရန် ကြံနေခိုက်မှာပဲ Logan က ဆွဲခေါ်ပြီး
ရေတွင်းပျက်ထဲ ပစ်ချခါ ယာရှီဒါ အပေါ်မှ သံပြားတစ်ခု ဖုံးပေးပြီး သူ့ကိုယ်ဖြင့်
ဖုံးကွယ်ပေးထားခဲ့ပါတယ် ဗုံးကျဲပြီးနောက် တစ်ကိုယ်လုံး စုတ်ပြတ်သက်သွားသော်လဲ
ချက်ချင်း ဒဏ်ရာ ပြန်ကျတ်လာသော Logan အား ကြည့်ပြီးနောက် ယာရှီဒါ တစ်ယောက်
Logan အား လူထူးဆန်း တစ်ဦးအဖြစ် သိရှိသွားပါတော့တယ်…
Logan ဟာ အမြဲတစေ မသေနိုင်ပဲ ဒဏ်ရာများ ပြန်ကျတ်နိုင်သော အစွမ်းရှိခဲ့ပါတယ်
ဒီတစ်ခါမှာတော့ ငယ်စဉ်က ကယ်ဆယ်ခဲ့သော ယာရှီဒါ ဟာ အသက်ရွယ်ကြီးမြင့်ပြီး
သေခါနီး ရောက်နေချိန်တွင် လိုဂန် အား ခေါ်တွေ့ပြီးနောက် မသေနိုင်သော အစွမ်းကို
ဖျက်ပြယ်ပေးမည် ဖြစ်ပြီး သာမန်လူ ဘ၀ဖြင့် နေထိုင်သေဆုံးနိုင်ရန် စီစဉ်ပေးမည်ဟု
အကြံပေးခဲ့သော်လဲ လိုဂန် က ညင်းဆိုခဲ့ပါတယ်…
ညင်းဆိုပြီး နောက်တစ်နေ့တွင် ယာရှီဒါ သေဆုံးခဲ့ပြီး သူ့အသုဘ တွင် ယာရှီဒါ ၏ သမီး
ယူရီကို အား အမွေ ကိစ္စဖြင့် သတ်ဖြတ်ရန် ကြံစည်မှုကြောင့် လူသတ်သမားများနှင့်
လိုဂန် ရင်ဆိုင်ရပါတော့တယ်…
ဒါပေမယ့် လိုဂန် ရဲ့ ဒဏ်ရာအမြန်ကျတ်နိုင်သော စွမ်းအားများ ပျောက်ကွယ်သွားပါပြီ
သွေးထွက်လွန်နေသော သူ့ကိုသူ ကြည့်ရင်း အလွန်အမင်း အံ့အောလျက် အဖြေရှာမရနိုင်တော့ပါ
ရန်သူတွေလက်ထဲက ယူရီကို အား ကယ်တင်လျက် သူ့စွမ်းအားများ ပျောက်ဆုံးရာ ရင်းမြစ်အား
ပြန်လည်ရှာဖွေခဲ့သော် အခါ….
————————————

Download Link With Pcloud Link

https://my.pcloud.com/publink/show?code=XZPnCxZvEUk1EVHMpXzxnbLKXKv9XXfcFLk

 

 

Credit : : Channel Myanmar

1 comment:
Write comments
  1. X-Men Collection ( Special Package ) မြန်မာစာတန်းထိုး - Honor 4X Users Myanmar Team >>>>> Download Now

    >>>>> Download Full

    X-Men Collection ( Special Package ) မြန်မာစာတန်းထိုး - Honor 4X Users Myanmar Team >>>>> Download LINK

    >>>>> Download Now

    X-Men Collection ( Special Package ) မြန်မာစာတန်းထိုး - Honor 4X Users Myanmar Team >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Contact Form

Name

Email *

Message *

Recommended Posts × +