+++++ မင်္ဂလာ ရှိသောနေ့လေးတစ်နေ့ ဖြစ်ပါစေ … ကျွန်တော်တို့ Huawei Honor 4x Users Myanmar Team ရဲ့ Blog လေးကို လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် မိတ်ဆွေတို့အတွက် မိုဘိုင်းလ်ဖုန်းနဲ့ကွန်ပြူတာ နည်းပညာများ၊ဗဟုသုတများနှင့် မြန်မာစာတန်းထိုး ဇာတ်ကားများကို အကောင်းဆုံးတင်ဆက်ပေးနေပါသည် +++++ လာရောက်တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ် +++++

Honor 4X Users Myanmar Team

Thursday, January 5, 2017

Honor 8 ဖုန်းဗားရှင်း Nougat ကို TWRP ထည့်သွင်းပြီး phh SuperUser ဖြင့် Root လုပ်နည်း

Honor 8 ဖုန်းဗားရှင်း Nougat ကို TWRP ထည့်သွင်းပြီး phh SuperUser ဖြင့် Root လုပ်နည်း

 
Honor 8 ဖုန်းဗားရှင်း Nougat ကို TWRP ထည့်သွင်းပြီး phh SuperUser ဖြင့်
 Root လုပ်နည်းကို အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်ဆိုရင်တော့ Bootloader Unlock & Custom Recovery များထည့်သွင်းရပါမည်၊
ပြီးရင်တော့မှ phh Supersu.zip ဖိုင်ဖြင့် Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Honor 8 အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
 ၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရမည်။

၁။ TWRP Recovery ထည့်သွင်းထားရပါမည်။

၂။ Phh SuperSu.zip for Honor 8



Huawei ဖုန်းများကို bootloader unlock ပြုလုပ်နည်းစာအုပ်


Download Huawei Honor 8 Nougat TWRP (.img)

 


Huawei Mate 9 ဖုန်းကို TWRP ထည့်သွင်းပြီး Root လုပ်နည်း
===================================
Honor 8 TWRP recovery (.img) ဖိုင်ကိုဒေါင်းလော့ ရယူလိုက်ပြီး
TWRP Recovery ထည့်သွင်းနည်းကို အောက်ပါ လင့်အတိုင်းပြုလုပ်ပေးလိုက်ပါ။

  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Down key + Power Key များကိုတွဲနှိပ်ပြီး
 Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


Android device များကို SuperSU ဖြင့် Root လုပ်နည်း 


Credit : : ဇူးနစ်(နည်းပညာ)

No comments:
Write comments

Contact Form

Name

Email *

Message *

Recommended Posts × +